နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့လှမြို့နယ်ရှိ ဗျူဟာအထိုင်စခန်းကုန်းကို စစ်ကောင်စီဘက်က စခန်းစွန့်ခွာခဲ့ကြ

ဖေဖော်ဝါရီလ (၂၃)ရက်။

ရွှေကူမြို့နယ်၊ မြို့လှမြို့ထဲက စစ်ကောင်စီရဲ့ ခမရ(၃၈၇)ဗျူဟာကုန်းစခန်းကုန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားကြတယ်လို့ မြို့လှ PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဗျူဟာကုန်းစခန်းဟာ KIA အမှတ်(၅)နဲ့ မြို့လှ K-PDF တပ်ရင်းနယ်မြေထဲကဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက် မနေ့က စစ်ကောင်စီဘက်က စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီဗျူဟာကုန်းစခန်းကို မြို့လှမြို့မှာ ၂၀၀၂ခုနှစ်ထဲက အထိုင်ချတပ်စွဲနေထိုင်ခဲ့ပြီး တပ်မ (၈၈) လက်အောက်ခံ ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲတာလို့ ဖော်ပြထားပါတယ်။

အခုအချိန်မှာ KIA အမှတ်(၅)တပ်ရင်းနဲ့ မြို့လှ K-PDF တပ်ရင်းတို့က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ခမရ(၃၈၇)တပ်စခန်းကုန်းကို အပြီးသတ်ချေမှုန်းမှာဖြစ်တဲ့အတွက် တပ်တွင်းက တပ်မိစုသားတွေ လက်နက်ချအလင်းဝင်ဖို့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှာ သတိပေးစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့ AA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 55 Views
စက်တင်ဘာလ (၆)ရက်။ မကြာသေးခင်က အာရက္ခတပ်တော်(AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးတဲ့အပေါ် CRPH အပြင်းအထန်ရှုတ်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 61 Views
စက်တင်ဘာလ (၆)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ ဆေးကုသခွင့်မပေးတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

ပဲခူး-ရခိုင်အစပ်ရှိ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 46 Views
စက်တင်ဘာလ (၆)ရက်။ ပဲခူးတိုင်းနဲ့ ရခိုင်ဒေသ ထိစပ်နေတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က မရပ်မနား ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမက သူတို့ရဲ့ စကခ(၁၇)အပြင် စကခ(၁၄)က
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ NMSP-AD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 47 Views
စက်တင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP-AD က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ သူတို့ကြုံနေရတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုစေဖို့ ရရှိအောင်
မြန်မာသတင်း

အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲထိခိုက်စေတဲ့ လှုံ့ဆော်ဝါဒဖြန့်တာတွေကို အရေးယူမယ်ဆိုပြီး စစ်တပ် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 43 Views
စက်တင်ဘာလ (၆)ရက်။ အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်ဝါဒဖြန့်သူတွေကို အရေးယူဖို့ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတာဝန် လွှဲပြောင်းပေးနိုင်ဖို့၊ မဲပေးခွင့်ရှိသူအားလုံး
မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 96 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ BGF ရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ပြီး တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို
မြန်မာသတင်း

(၈)လတာထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 100 Views
စက်တင်ဘာလ (၅)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေဟာ အရေးပေါ်သက်တမ်း (၇)ကြိမ်မြောက်တိုးခဲ့တဲ့ ဖေဖော်ဝါရီလမှာ
မြန်မာသတင်း

“ ဝ” ဒေသထဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 119 Views
စက်တင်ဘာလ (၅)ရက်။ UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး အသိပေးပြောဆိုတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ “ ဝ” ပြည်နယ်