နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးရဲပြုတ်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မေလ (၂၃)ရက်။

ဒီကနေ့ နံနက်(၉)နာရီ (၁၀)မိနစ်အချိန်က ဘီးလင်းမြို့၊ ဇုတ်သုတ်ကျေးရွာရှိ ရွာကြီးတောင်ပိုင်းနေ သတင်းပေးရဲပြုတ် သက်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)ထံက သိရပါတယ်။

စစ်ကောင်စီရဲ့ သတင်းပေးရဲပြုတ် သက်လွင်ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)နဲ့ ကျိုက်ထိုပကဖပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အနေနဲ့ ဇုတ်သုတ် ဆင်မင်းဘုရားနဲ့ တိုက်နယ်ဆေးရုံကြားမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုပစ်ခတ်ရှင်းလင်းခံရတာကြောင့် သက်လွင်ဦးဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီသတင်းပေး ရဲပြုတ် သက်လွင်ဦးဆီကနေ လက်ပစ်ဗုံး(၂)လုံး၊ ငွေကျပ်(၁၅၀၀)နဲ့ အိတ်တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KRF အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူတွေ ထိခိုက်နစ်နာစေတာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် သက်လွင်ဦးဟာ ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတာကို စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွားထိုးကြီးမြို့ ဝက်လူးရဲစခန်းက အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၅)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 17 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က နွားထိုးကြီးမြို့ ဝက်လူးရဲစခန်းကနေ အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 17 Views
မတ်လ (၁၁)ရက်။ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ ခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PJ ပတ်စ်ပို့နဲ့ OWIC
မြန်မာသတင်း

EAO တွေ ဖြစ်ချင်တာကို မပြောဘဲ ဖြစ်နိုင်တာတွေပဲပြောဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 18 Views
မတ်လ (၁၁)ရက်။ EAO တွေအနေနဲ့ ဖြစ်ချင်တာကို မပြောဘဲ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာတွေပဲပြောဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားကနေ ပြန်လာချိန် လေယာဉ်ပေါ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ EAO တွေကို ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေကို
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 13 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA တည်ထောင်တဲ့ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ MNDAA အနေနဲ့ ကိုးကန့်ပြည်သူတွေ၊
မြန်မာသတင်း

တလထဲ လူသားစာနာမှုအနေနဲ့ ကျပ်သန်း(၅၀၀)နီးပါး ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 15 Views
မတ်လ (၁၀)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ လူသားချင်းစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၄၉၈.၃၂)သန်း အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ပြည်သူတွေရဲ ပြည်သူကနေပြည်သူ အလှုငွေတွေဖြစ်တဲ့ ကျပ် (၄၉၈.၃၂)သန်းထဲက
မြန်မာသတင်း

ရန်ကုန် တာမွေမြို့မှာ နေအိမ်တိုက်ခန်းတခန်း အနုကြမ်းစီးခံရ

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 11 Views
မတ်လ (၁၀)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့ မေတ္တာညွန့်ရပ်ကွက်ရှိ ၀ဏ္ဏသိင်္ဂီလမ်းက နေအိမ်တိုက်ခန်းတခန်းမှာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။ “ ‌မေတ္တာညွန့်ရပ်ကွက် ၀ဏ္ဏသိင်္ဂီလမ်းက တိုက်ခန်းတခန်းမှာ အိမ်ရှင်အမျိုးသား အပြင်ထွက်တဲ့အချိန် သော့ရိုက်ဖြတ်ပြီး အိမ်ရှင်အမျိုးသမီးကို
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
စစ်ကောင်စီအဖွဲ့ဝင်တွေ ဖဲကြိုးဖြတ်ပြီးတာနဲ့ ကသုတ်ကရိုက်ထွက်ပြေးသွား ဒီဇင်ဘာလ (၁၀)ရက်။ မနေ့က ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို နံနက်(၅)နာရီခွဲကျော်အချိန်နဲ့ (၈)နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးသီး
မြန်မာသတင်း

စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲ ပစ်ခတ်တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 10 Views
မတ်လ (၁၀)ရက်။ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၅)ရက်နေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က