နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

ဇွန်လ (၂၃)ရက်။

ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။

စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို KNLA က လက်နက်ချဖို့ မတ်လ (၂၅)ရက်နေ့ကစပြီး (၃၀)ရက်အထိ စာနဲ့အသိပေးအကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

အသိပေးအကြောင်းကြားခဲ့ပေမယ့် လိုက်နာတာမရှိတဲ့အတွက် KNLA၊ KNDO နဲ့ ပူးပေါင်းတပ်တွေက စနိုက်ပါ၊ လက်နက်ကြီးနဲ့ ဒရုန်းတို့နဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ (၁၇)ရက်နေ့ နံနက် (၇)နာရီကစပြီး (၁၀)နာရီအချိန်ထိ KNLA ပူးပေါင်းတပ်တွေက စုကလိတပ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ဇွန်လ (၂၁)ရက်နေ့မှာ စခန်းတခုလုံးကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး (၁၄)ဦး ထွက်ပြေးသွားခဲ့ကာ စစ်သုံ့ပန်းအနေနဲ့ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်စခန်းကနေ ၆၀ မမ (ပြောင်းရှည်) (၁)လက်၊ ၆၀ မမ (ပြောင်းတို) (၁)လက်၊ RPG – 7 (၁)လက် (ပျက်စီး)၊ MA-1 (၁၂)လက် (၄ လက် ပျက်စီး)၊ MA-2 (၁၅)လက် (၄ လက် ပျက်စီး)၊ MA-3 (၄)လက် (၁ လက် ပျက်စီး)၊ MA-79 (၂)လက်၊ ငါးကြင်းမှီး စက်လက် (၁)လက် (ပျက်စီး)၊ ၈၁ မမ ကျည် (၃၇)လုံး၊ ၆၀ မမ ကျည် (၃၉)လုံး၊ ရှေ့ထွက်မိုင်း (အကြီး) (၃)လုံး၊ (အသေး) (၂၇)လုံး၊ နင်းမိုင်း (၁၁)လုံး၊ ခွင်းဗုံး (၁၀)လုံး၊ တိုက်မိုင်း (၁၄)လုံး၊ လက်လုပ် သံပိုက်မိုင်း (၈)လုံး၊ ဆက်သွယ်ရေး စက်ကြီး (၂)လုံး၊ MA-1,2,3,4 ကျည်ဘောက် (၇၀)ဘောက်၊ MA-1,2,3,4 ကျည် (၆၅၀၁)တောင့်၊ MG3 ငါးကြင်းမှီး စက်လက် ကျည် (၇၉၂၃)တောင့်၊ RPG-7 ကျည် (၇၇)လုံး၊ ပို့ယမ်း (၅၄)တောင့်၊ မိုင်းရှင်းစက် (၁)ခု၊ ဒရုန်း အသေး (၁)စီး၊ Jammer (၁)ခု၊ ဆက်သွယ်ရေး စက်အသေး (၂)လုံး၊ ဆက်သွယ်ရး (အထိုင်) စက်တိုင် (၂)ခု၊ ER ဘောက် (၁၃၀)ခု၊ ကျည်ကာ ဦးထုပ် (၈)လုံး စတဲ့ လက်နက်ခဲယမ်းနဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စုကလိတိုက်ပွဲထဲ တော်လှန်ရေးရဲဘော်တွေဘက်က (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လဲ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 20 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 25 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 25 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 39 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 38 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 24 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 43 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့