နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်တွင်းပြည်ပရှိ သတင်းသမားတွေပူးပေါင်းကာ မြန်မာသတင်းသမားများကလပ်(MJC) ဖွဲ့စည်း

ဩဂုတ်လ (၂၃)ရက်။

ဩဂုတ်လ (၁၇)ရက်နေ့မှာ ပြည်တွင်းပြည်ပ အလုပ်လုပ်ကိုင်နေတဲ့ သတင်းသမားတွေ ပူးပေါင်းကာ မြန်မာသတင်းသမားများကလပ်(MJC)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

MJC အနေနဲ့ ဘယ်အဖွဲ့အစည်းတွေဆီကမှ ထောက်ပံ့ကြေးယူသွားမှာမဟုတ်ဘဲ လွတ်လပ်စွာ ရပ်တည်သွားမှာဖြစ်ပြီး မြန်မာသတင်းသမားတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်တာကို ခံနေရပြီး သတင်းတိုက်တွေမှာ ဆိုးဝါးတဲ့ အခွင့်အရေးချိုးဖောက်တာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒီလို ကြုံတွေ့ခံစားနေရသော  စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေကြောင့် ပြည်သူလူထုအတွက် သတင်းအချက်အလက်ပေးရာမှာ အရည်အသွေးတွေ လျော့ကျလာပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ မတရားခံရတာကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ သူတို့ကိုယ်တိုင် အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလို့ ဖော်ပြထားပါတယ်။

အခုလိုမျိုး အကျပ်အတည်းကာလထဲ လုံခြုံရေး၊ ရှင်သန်ရပ်တည်ရေး၊ စားဝတ်နေရေးနဲ့ အလုပ်အကိုင် တည်မြဲရေး စတဲ့ အခက်အခဲတွေကြောင့် အခွင့်အရေးချိုးဖောက်ခံနေရပေမယ့် နှုတ်ဆိတ်နေရကာ ထုတ်ဖော်ပြောဆိုတဲ့အခါ လျစ်လျူရှုခံနေရပြီး အသရေဖျက်ခံရတာတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် MJC အနေနဲ့ အဖိအနှိပ်ခံ မြန်မာသတင်းသမားတွေဘက်က ရပ်တည်ပေးဖို့၊ တရားမျှတပြီး ဖိနှိပ်မှုကင်းတဲ့ လုပ်ငန်းခွင်တွေ ဖြစ်လာစေဖို့နဲ့ သတင်းသမားတွေ အချင်းချင်းကြား ပိုမိုနီးကပ်တဲ့ ကွန်ရက်တစ်ခု ဖြစ်ပေါ် လာစေဖို့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာကိုလဲ မှတ်တမ်းတင်ထားရှိပြီး တရားမျှတမှုအတွက် MJC က အတူတကွ ရပ်တည် တောင်းဆိုသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 12 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့်
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 13 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 25 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်