နိုဝင်ဘာလ (၂၃)ရက်။
မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၁၁)နာရီ (၅၅)မိနစ်လောက်က ဈေးရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာ။ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်(၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၂)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဗုံးစထိမှန်ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈)ရက်နေ့ ညပိုင်းကလဲ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့ရပါသေးတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့လိုအပ်ပြီး လူစုလူဝေး မပြုလုပ်ဖို့နဲ့ လေကြောင်းရန် အသိပေးချင်တွေ လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။




