နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မောင်တောနဲ့ စစ်တွေကမ်းရိုးတန်းနေပြည်သူတွေ မုန်တိုင်းသတိပြုရှောင်ရှားနေကြဖို့ NUG သတိပေး

မေလ (၂၄)ရက်။

မေလ (၂၆)ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လာနိုင်တဲ့အတွက် မောင်တောနဲ့ စစ်တွေခရိုင်ကမ်းရိုးတန်းနေပြည်သူတွေ မုန်တိုင်းသတိပြုရှောင်ရှားနေကြဖို့ NUG ရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။

ဒီကနေ့ခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တမီးလ်နာဒူးကမ်းခြေအနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ဒီကနေ့မှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီမုန်တိုင်းလမ်းကြောင်းတွေဟာ ခန့်မှန်းထားချက်လမ်းကြောင်းအတိုင်း ရွေ့လျားလာမယ်ဆိုရင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဝန်းကျင်ကို ဝင်ရောက်နိုင်ခြေများတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီမုန်တိုင်းငယ်ဟာ မေလ (၂၆)ရက်နေ့မှာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လာနိုင်တာကြောင့် မုန်တိုင်းအဆင့်နဲ့ ကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဒီကနေ့ ညနေပိုင်းကစပြီး မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေတိုက်နှုန်း တစ်နာရီကို မိုင်(၄၀)ခန့် တိုက်ခိုက်နိုင်ပြီး ရေလှိုင်းအမြင့် (၈)ပေကနေ (၁၀)ပေခန့်အထိရှိနိုင်တယ်လို့ ပြောဆိုထားပါတယ်။

မုန်တိုင်းဒီရေအမြင့်ဟာ မုန်တိုင်းဗဟိုချက်လေဖိအား၊ မုန်တိုင်းရဲ့လေတိုက်နှုန်း၊ မုန်ကမ်းကမ်းကို ဖြတ်ကျော်တဲ့ ဦးတည်ဒေါင့်ချိုးတို့ပေါ်မူတည်ပြီး ရခိုင်ကမ်းရိုးတန်းမှာ (၁၄)ပေကနေ (၁၆)ပေအထိ မြင့်တက်နိုင်တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီမုန်တိုင်းဟာ မေလ (၂၇)ရက်နေ့မှာတော့ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပျောက်ပြယ်သွားနိုင်ကာ အပြောင်းအလဲတွေရှိရင် ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 16 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 15 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 25 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 29 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်