စက်တင်ဘာလ (၂၃)ရက်။
အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingy Revolution Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၂၃)ရက်နေ့နဲ့ (၂၀)ရက်နေ့တို့မှာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်ရက်တာ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးတာ များပြားခဲ့ပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကာ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ (၂၀)ရက်နေ့ကလဲ အလုံဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတက်တွေ ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီနေ့လဲ ကျွန်တော်တို့ SRA အဖွဲ့က စကစ ဖလတ်မော်တော်တွေကို ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်တာတွေထဲ စကစဘက်က အကျအရှုံးများခဲ့ပါတယ်” လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၉) IDIOTS COLUMN၊ Black Tiger Attacae Force ဘာမထီတော်လှန်ရေးအဖွဲ့ ၊ Monywa Undergrown Force၊ ချင်းတွင်းဒိုင်းနမိုက်နဲ့ တောင်ပံနီတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
တော်လှန်ရေးရဲဘော်တွေအနေနဲ့ တော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ ကတိသစ္စာပြု ထုတ်ပြန်ထားချက်အရ သိရပါတယ်။