နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့စစ်တွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီရဲ့ ဒုတပ်ကြပ်တစ်ဦးကို မုံရွာမြို့နယ်-ပလဖ ဖမ်းဆီးခဲ့

မေလ (၂၅)ရက်။

ပြည်သူ့စစ်တွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ဒုတပ်ကြပ် စန်းချစ်နိုင်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာမြို့နယ်-ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စန်းချစ်နိုင်ဟာ ကိုယ်ပိုင်အမှတ်-တ/၂၅၆၇၅၉ ဖြစ်ပြီး မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၉၂၅)မှာ ဒုတပ်ကြပ်အနေနဲ့ တာ၀န်ထမ်းဆောင်နေတာလို့ ဆိုပါတယ်။

ပြည်သူ့စစ်တွေကို သင်တန်းပေးနေတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင်ကို မုံရွာမြို့နယ်-ပလဖရဲ့ ဒုတာဝန်ခံကိုသီဟနဲ့ ရပ်ကျေးပလဖတို့က ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င် ဒုတပ်ကြပ် စန်းချစ်နိုင်ကို မေလ (၂၂) ရက် ကဆုန်လပြည့်နေ့က မုံရွာ-အရာတော်ကားလမ်းရှိ လုံခြုံရေးဂိတ်မှာ သတင်းရရှိတာကြောင့် ခရီးသည်တင်ယာဉ်တွေကို စစ်ဆေးနေချိန် ဖမ်းမိခဲ့တာလို့ ပြောဆိုထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဒုတပ်ကြပ် စန်းချစ်နိုင်ကို မြို့နယ်-ပလဖက သက်ဆိုင်ရာတာ၀န်ရှိသူတွေဆီ အပ်နှံသွားမှာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပံလှရွာ ထပ်မံဗုံးကြဲခံရပြီး (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်က စဉ့်ကူးမြို့ရှိ လက်ပံလှရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

မန္တလေးမှာ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 18 Views
မတ်လ (၁၈)ရက်။ မနေ့က ည (၇)နာရီအချိန် မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ CNF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဒီကနေ့ (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်တာတွေကို အဆုံးသတ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၀၀)ကျော်ကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 18 Views
မတ်လ (၁၈)ရက်။ မနေ့က ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၁၄)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၁၄)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းခဲ့ရာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၁) စတင်ဖွင့်လှစ်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 16 Views
မတ်လ (၁၈)ရက်။ မနေ့က စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၁)သင်တန်းတွေ စတင်ဖွင့်လှစ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၁) ဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်ကို NUG အပြင်းအထန်ရှုံ့ချ

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 12 Views
(၂)နှစ်တာထဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကလေးငယ် (၃၇၀)ကျော်သေဆုံးခဲ့ မတ်လ (၁၇)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဈေးနဲ့ သာသနိက အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် အပြင်းအထန်ရှုံ့ချတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ
မြန်မာသတင်း

ရေစကြိုမြို့ မြေတော်ရွာကို စစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျေးရွာထဲ ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 26 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၄)ရင်နေ့နဲ့ (၁၅)ရက်တို့မှာ ရေစကြိုမြို့နယ်ရှိ မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ Yesagyo Township Info Committee ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်
မြန်မာသတင်း

ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလိုက်သိမ်း

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 18 Views
မတ်လ (၁၇)ရက်။ ရန်ကုန်-မန္တလေးအမြန်လမ်း (၃၉)မိုင်ရှိ ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညပိုင်း စကစထွေ/အုပ်ပါတဲ့ အဖွဲ့တွေက (၃၉)မိုင်က ရွှေပလ္လင်ဆိုင်ကို