နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်/ကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့အပေါ် နိုင်/ကျဉ်းအင်အားစုတွေ ပူးတွဲထုတ်ပြန်သတိပေး

ဇွန်လ (၂၅)ရက်။

ဒိုက်ဦးအကျဉ်းထောင်ထဲက ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားအဖွဲ့အင်အားစုတွေက ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကျိုက်မရောထောင်ထဲ အကျဉ်းသားတစ်ဦး ဓါတ်လိုက်ခဲ့ပြီး အရေးပေါ် ဆေးကုသခွင့်ရရှိဖို့အတွက် တောင်းဆိုခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူ/သားတွေအပါအဝင် အကျဉ်းသား (၁၆၀)ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအကျဉ်းဦးစီးဌာနက အင်အားသုံး ထောင်ပြောင်းရွှေ့ခဲ့ပြီးနောက် မူးယစ်ဆေးဝါးတွေပါလာတယ်ဆိုပြီး မူးယစ်အမှုနဲ့ ထပ်တိုးတရားစွဲဖို့ အကြောင်းပြကာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသုံးအဆောင်နဲ့ အဝတ်အစားတွေထဲက အချို့တဝက်ကိုသာပေးပြီး အနိုင်ကျင့် သိမ်းဆည်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေက အသုံးအဆောင်ပစ္စည်းတွေပြန်ပေးဖို့ တောင်းဆိုတဲ့အချိန်မှာ ထောင်ဝန်ထမ်းတွေက အော်ဟစ်ဆဲဆိုပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ၊ လေးဂွတွေ အုတ်ခဲတွေကိုင်ပြီး အင်အားသုံး ဝိုင်းပစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုလိုအကြမ်းဖက်ဖြိုခွင်းတာကြောင့် နိုင်ငံရေးအကျဉ်းသူ (၅)ဦးကျော် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ (၁၅)ရက်ကစပြီး အခုအချိန်အထိ ဆေးကုသခွင့်မရရှိဘဲ တိုက်ပိတ်ခံထားရတယ်လို့ ပြောဆိုထားပါတယ်။

ဒီလိုဥပဒေမဲ့လုပ်ရပ်‌တွေ ကျူးလွန်တဲ့ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေအနေနဲ့ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေအတွက် ထောင်ဝင်စာပါဆယ်နဲ့ ဧည့်တွေ့ခွင့် အမြန်ဆုံးစီစဉ်ပေးဖို့ သတိပေးထားပါတယ်။

ဒါ့ပြင် တိုက်ပိတ်ထားခံရသူတွေကို ခြွင်းချက်မရှိ တိုက်ထဲကနေ အမြန်ဆုံးထုတ်ပေးပြီး ဆေးဝါးကုသခွင့်တွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့နဲ့ ထပ်တိုးတရားစွဲဆိုထားတဲ့ အမှုတွေကို ချက်ချင်းပိတ်သိမ်းဖို့ ပူးတွဲထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

နိုင်ငံတကာအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့လဲ စစ်ကောင်စီအပေါ် ဖိအားပေးတာတွေ လက်တွေလုပ်ဆောင်ဖို့ တောင်းဆိုထားကာ အကျဉ်းဦးစီးဌာနအနေနဲ့ သတိပေးချက်တွေကို မလိုက်နာရင် ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 13 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 33 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 166 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 22 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 36 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 25 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်