ဇွန်လ (၂၅) ရက်။
မြောင်ပညာရေးကွန်ရက် MEN ကျောင်း ၃၀ က ဆရာ ဆရာမတွေက စစ်ကောင်စီက ရဟန်း သံဃာတော်တွေကို သတ်ဖြတ်တာကို စစ်ကောင်စီရဲ့ အမာခံဆရာတော် သီတဂူဆရာတော်က “ သည်းခံ၊ ခွင့်လွှတ်ရန်” ပြောဆိုခဲ့တဲ့စကားဟာ စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်ဖို့ အားပေးအားမြောက်ဖြစ်စေပြီး ရဟန်း ရှင်လူ ပြည်သူများအပေါ် ငဲ့ညှာထောက်ထားမှုအလွန်ကင်းမဲ့တဲ့အတွက် လက်မခံ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။


