နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဓမ္မမှုတွေအတွက် တရားမျှတမှုရှာဖွေသွားမယ်လို့ ရိုဟင်ဂျာပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ (၇)နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ NUG ပြော

ဩဂုတ်လ (၂၅)ရက်။

အဓမ္မမှုတွေအတွက် တရားမျှတမှုရှာဖွေနိုင်ဖို့ နည်းလမ်းတွေအားလုံး ဆောင်ရွက်သွားမယ်လို့ ရိုဟင်ဂျာပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဒီကနေ့ (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ NUG က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်မှာ ရိုဟင်ဂျာပြည်သူတွေအပေါ် အကြမ်းဖက်စစ်တပ်က ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တာ သတ္တမနှစ်ပတ်လည်နေ့ကို NUG က စာနာနားလည်စွာ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ဖျက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ဖြစ်ကာ စစ်အာဏာရှင်စနစ်နဲ့အတူ မတရားမှု၊ မမျှတမှု၊ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုတဲ့ ခွဲခြားဖိနှိပ်တာတွေကိုပါ တိုက်ဖျက်နေတာလို့ ဖော်ပြထားပါတယ်။

ဒီတော်လှန်ရေးထဲ ပါ၀င်တိုက်ပွဲ၀င်နေတဲ့ ရိုဟင်ဂျာပြည်သူတွေကို လေးစားဂုဏ်ပြုကာ စစ်အုပ်စုရဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပေါ်စေဖို့ သွေးခွဲလှုံ့ဆော်တာကို သတိ၊ ဉာဏ်ပညာနဲ့ တုန့်ပြန်ရမယ်လို့ ရေးသားထားပါတယ်။

တော်လှန်ရေးအောင်မြင်ပြီး အသွင်ကူးပြောင်းရေးကာလ ရောက်ရှိချိန်မှာ ပြည်သူအများ တွေ့ကြုံခံစားခဲ့ရတဲ့ အဓမ္မမှုတွေအတွက် တရားမျှတမှုရှာဖွေနိုင်ဖို့ နည်းလမ်းတွေအားလုံး ဆောင်ရွက်သွားမယ်လို့ NUG က ကတိပြုပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ လောကပါလတရားထွန်းကားတဲ့ နိုင်ငံရေးစနစ်သစ်ကို တော်လှန်ရေးက ဆောင်ကြဉ်းမှာဖြစ်တဲ့အတွက် လုမျိုးဘာသာအသီးသီးက ပြည်သူတစ်ရပ်လုံး အတုတကွ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်တော်ရှိ ကိုယ်ပိုင်ကျောင်းတခုကို စစ်တပ် လေကြောင်းဗုံးကြဲ၊ ကျောင်းသား/သူတွေနဲ့ ကလေးတွေအပါအဝင် (၁၈)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 20 Views
စက်တင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီကျော်အချိန်က ကျောက်တော်မြို့ သရက်တပင်ရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့
မြန်မာသတင်း

ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 23 Views
စက်တင်ဘာလ (၁၂)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကလေးမြို့တိုက်ပွဲထဲ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 50 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကလေးမြို့ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်းစောင်းပုရွာသစ်ကို စစ်ကော်မရှင်ဘက်က ဒစက(ကလေး)လက်အောက်ခံ တတက(၁၀)က ဗိုလ်မှူး ရဲမျိုးမင်း၊
မြန်မာသတင်း

တလထဲ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 35 Views
စက်တင်ဘာလ (၁၁)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၅)မှုရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုဖောက်တဲ့ အမျိုးအစားတွေထဲ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းဖျက်ဆီံးခံရတာ (၁၃၀)မှုနဲ့ အများဆုံးဖြစ်ကာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 48 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် တိုင်းရင်းသားပြည်သူတွေအပေါ် ဖိနှိပ်ကျွန်ပြု၊
မြန်မာသတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 38 Views
စက်တင်ဘာလ (၁၁)ရက်။ မနေ့က ည (၁၀)နာရီ (၁၀)မိနစ်ခန့်မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ထွေအုပ်ရုံးက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အာဏာရူးတွေ အာဏာတည်မြဲဖို့ လက်တဆုပ်စာ ကိုယ်ကျိုးစီးပွားအတွက်လုပ်နေတဲ့
မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 38 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

သပိတ်ကျင်းမြို့ရှိ ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 74 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ ဇရပ်ကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီခွဲဝန်းကျင်လောက်မှာ သပိတ်ကျင်းက ဇရပ်ကွင်းရွာစာသင်ကျောင်းကို စစ်တပ်က