နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

နိုဝင်ဘာလ (၂၅)ရက်။

နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား ပူးပေါင်းဆောင်ရွက်တာတွေ ဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားတာနဲ့ ပဋိပက္ခတွေကို လျော့ချကာ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးဟာ စိန်ခေါ်မှုတွေကို အတူဖြေရှင်းနိုင်ပြီး အဆုံးမှာ ပိုမိုသဟဇာတရှိတဲ့ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေကို ဆောင်ရွက်နေပြီး ဆက်လက်ဆောက်ရွက်သွားမှာဖြစ်သလို အခုအချိန်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ရမယ့်အချိန်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို အသုံးချပြီး နိုင်ငံတည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို စည်းလုံးညီညွတ်စွာနဲ့ အကောက်အထည်ဖော်ဖို့ဆိုပြီးလဲ တိုက်တွန်းထားပါသေးတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တဖက်မှာ ငြိမ်းချမ်းရေး‌ဆွေး‌နွေးဖို့ ဖိတ်ခေါ်ထားပေမယ့် တဖက်မှာတော့ တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံတဝန်းက ပြည်သူ‌တွေကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲသတ်ဖြတ်နေတာပါ။

‌တိုက်ပွဲတွေထဲ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကိုလဲ ငြိမ်းချမ်းစွာ မနေထိုင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေ့တိုင်း ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်း ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 5 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 5 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ ပလဖအချုပ်စခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်မထွက်လာသေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 3 Views
ဇန်နဝါရီလ (၂၅)ရက်။ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့လုံခြံရေးအဖွဲ့(ပလဖ)အချုပ်ခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်ရလဒ် မထွက်လာသေးဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဒီအမှုက အခုမှ ပထမဆုံးအကြိမ် ထွက်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်ကထဲက မြေပြင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့လို့ ဌာနထဲ
မြန်မာသတင်း

နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ဖို့ လာအိုနဲ့ စစ်ကောင်စီ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 11 Views
ဇန်နဝါရီလ (၂၅)ရက်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနနဲ့ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ (၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ စစ်ကောင်စီဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်
မြန်မာသတင်း

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေ အကြံပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 4 Views
ဇန်နဝါရီလ (၂၅)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံချိန် စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဒု‌ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး
မြန်မာသတင်း

KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၂၃)မိနစ်က KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ကို စစ်ကောင်စီက တခါသုံးဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ်ဘက်ကို စကစက တခါသုံးဒရုန်းနဲ့