နိုဝင်ဘာလ (၂၅)ရက်။
နိုဝင်ဘာလ (၂၆)ရက်နေ့ကစပြီး ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသတွေမှာ ယာယီ သွားလာတာတွေ စတင်ကန့်သတ်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MDY-PDF ထိန်းချုပ်စိုးမိုးတဲ့ဒေသတွေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း လမ်းပိုင်းတွေကို စစ်ရေးအခြေအနေတွေကြောင့် အသွားအလာကန့်သတ်တာလို့ ဆိုပါတယ်။
နောက်ပြီး MDY-PDF ရဲ့ ထိန်းချုပ်စိုးမိုးဒေသတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို တင်သွင်းတာ၊ ရောင်းဝယ်ဖောက်ကားတာနဲ့ အသုံးပြုတာတွေကို တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖောက်ဖျက်ကျူးလွန်တာတွေ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲ အသိပေးထားပါတယ်။
အခုထုတ်ပြန်ချက်ဟာ နောက်ထပ်တစ်စုံတစ်ရာ ထုတ်ပြန်တာ မပြုလုပ်မချင်း အတည်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ မတ္တရာမြို့နယ်အနောက်ခြမ်း မြစ်ရိုးတလျှောက်က ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။