နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံဆုတ်ခွာ

ဖေဖော်ဝါရီလ (၂၆) ရက်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ယယ်မူပလောကျေးရွာအုပ်စုမှာ အခြေချတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၂၅ ရက် မနက် ၆ နာရီမှာ စခန်းကိုစွန့်ခွာပြီး အခြားတပ်စခန်းကို ပြန်လည်ပြောင်းရွှေ့ ပူးပေါင်းသွားတယ်လို့ ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့တွေရဲ့ ဘက်ပေါင်းစုံ ဝိုင်းဝန်း တိုက်ခိုက်ပိတ်ဆို့မှုအပြင် လေကြောင်းရိက္ခာပို့ဆောင်ခြတာတွေကိုလည်း ဟန့်တားထားနိုင်သောကြောင့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၃၄၉) အခြေချတဲ့ ဗျူဟာစခန်းဖြစ်တဲ့ မော်ဖူး (ရိုးစလင်းစခန်း) တပ်စခန်းကို စွန့်ခွာပြီး ကူခိုတပ်စခန်းကို ရွှေ့ပြောင်းသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ မော်ဖူးတပ်စခန်းဟာ ကေအဲန်ယူ-ဗဟိုဌာနချုပ်ဟောင်း မာနယ်ပ‌လောစခန်း စွန့်ခွာမှုအပြီး (၂) နှစ်အကြာ ၁၉၉၇ ခုနှစ်အတွင်းမှာ လာရောက်တပ်စွဲထားသည့် ဗျူဟာတပ်စခန်းတစ်ခုဖြစ်ကာ ၂၇ နှစ် ရှိပြီလို့ သိရပါတယ်။

ဒါ့အပြင် မော်ဖူးကို KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ Force for Federal Democracy-FFD ဒရုန်းတပ်ဖွဲ့က ပူးပေါင်းပါဝင်ကာ ဒရုန်းဗုံးသီးပေါင်း ၄၀ ကျော်ကြဲချပြီး စနိုက်ပါလက်ဖြောင့်သေနတ်နဲ့လည်း ဖိအားပေးတိုက်ခိုက်ခဲ့တယ်လို့ FFD က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတဲ့ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ၆၀ မမ အလုံး ၆၀ နဲ့ ရှေ့ထွက်မိုင်း ၃ လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ FFD က ဖော်ပြထားပါတယ်။

စခန်းစွန့်ခွာသွားတဲ့ ခမရ−၃၄၉ တပ်ဟာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လယ်ကလေးကျိုးစခန်းကို ကနဦး စွန့်ခွာခဲ့ပြီး ကျူလူမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်များနဲ့ ပြန်လည်ပူးပေါင်းသွားခဲ့ရာမှ နောက်တနေ့မှာ ကျူလူစခန်းကို ထပ်မံစွန့်ခွာကာ မော်ဖူးဗျူဟာစခန်းကို ပြန်လည်ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက
မြန်မာသတင်း

ဒေါ်ကြည်ပြာအမှု ကျေလည်တာမရမချင်း တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းတွေ ရပ်ဆိုင်းတယ်လို့ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့၊ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အပေါ် စိတ်ပျက်စေတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတရားမှုရှိခဲ့တယ်လို့ တိုင်တန်းချက်ကို သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့
မြန်မာသတင်း

BNRA ကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားတာလို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ရတာလို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲနယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRA ကို ဦးဆောင်တဲ့
မြန်မာသတင်း

BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ယင်းမာပင်ခရိုင်ရှိ BNRA အဖွဲ့က ထု‌တ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေ လက်နက်တွေ လာအပ်နှံဖို့ ခရိုင်ပကဖက ဒီကနေ့မှာ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဲ့ဒီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ နေထိုင်ရာ ခရိုင်/မြို့နယ်
မြန်မာသတင်း

ဗိုလ်နဂါး အလင်းဝင်ပြီးနောက် ပုလဲနယ်ထဲ စစ်တပ်က ဆက်တိုက်ဗုံးပတ်ကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ အခုရက်ပိုင်းမှာ ပုလဲနယ်ထဲကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီ (၂)ရက်ထဲကို နမခကနေ ပုလဲနယ်ထဲ ဗုံးကြဲတာ (၄)ကြိမ်လောက်ရှိတယ်။ စက်တပ်လေထီးတွေကော၊ Gyrocopter