နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိမြင့်တက်၊ အနိမ့်ပိုင်းနေသူတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးထား

ဇူလိုင်လ (၂၆)ရက်။

မနေ့က နံနက်အစောပိုင်းမှာ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၂၂)တပ်က မိုးဗြဲရေကာတာရေတံခါးကို အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိ မြင့်တက်ခဲ့တယ်လို့ ကရင်နီ-IEC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဗိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက အဆင်အခြင်မဲ့ ဖွင့်ချတာဟာ လယ်ယာစိုက်ပျိုးလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူလယ်သမားတွေနဲ့ ပြည်သူတွေ ဒုက္ခရောက်စေဖို့ တမင်လုပ်ဆောင်တာလို့ ဆိုပါတယ်။

ဘီလူးချောင်းရေ မြင့်တက်လာတာကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီရွာ၊ ဖောင်းတောရွာနဲ့ ဘုရားဖြူရွာတို့မှာ ရေကြီးနေပြီး စပါးခင်း ဧက (၁၀၀၀)ခန့် ရေနစ်မြှုပ်နိုင်တဲ့အရေးနဲ့ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

“ မိုးဗြဲမှာ မိုးဆက်တိုက်ရွာသွန်းတာနဲ့ မိုးဗြဲရေကာတာကို ထိန်းချုပ်နေတဲ့ စကစက ရေတံခါးကို အဆမတန် လွတ်ချခဲ့တာကြောင့် လယ်ကွင်းမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေ ရေဘေးကနေ လွတ်မြောက်ရာနေရာတွေကို တဖန်ထပ်မံ ရွှေ့ပြောင်းနေကြရပါတယ်။ စိုက်ပျိုးထားတဲ့ လယ်ယာစပါးတွေလဲ ရေအောက်ကို နစ်မြုပ်သွားခဲ့ကြရပါတယ်” လို့ မိုးဗြဲစစ်ဘေးရှောင်ကော်မတီက ပြောပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ရှိ လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလဲ ရေကြီးနိုင်ကာ အခု (၃)ရက်ထဲ ရေတွေ ထပ်မံမြင့်တက်လာနိုင်တာကြောင့် အနိမ့်ပိုင်းနေပြည်သူတွေ အထူးသတိပြုဖို့နဲ့ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ဖို့ ကရင်နီ-IEC က ကြိုတင်သတိပေးထားပါတယ်။

အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနတို့ရဲ့ စီကနယ်ဖုန်းနံပါတ်တွေ ဖြစ်တဲ့ +66 951 901 790 ၊ +66 955 751 317 တို့ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
1111 စစ်ဆင်ရေး (ကယား)

မိုးဗြဲအနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနဲ့ လွယ်ယင်းမင်္ဂလာရွာထဲ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 30 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က