နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မထောတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်း‌တွေ သိမ်းဆည်းရမိခဲ့

နိုဝင်ဘာလ (၂၆)ရက်။

မထောတပ်စခန်းသိမ်းတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မထောတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေဟာ တောင်ဘက်ရှိ သူတို့တပ်စခန်းတွေရှိတဲ့ ကစယ်သဲဖလယ်(တောင်သုံးလုံး)နဲ့ ထွီသီးအူ(ခွေးသေ)တို့ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သူတို့တပ်စခန်းတွေရှိတဲ့ဘက်ကို ဆုတ်ခွာထွက်ပြေးတဲ့ လမ်းခုလပ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးခဲ့ပြီး မြေပြင်မျက်မြင်သတင်းတွေအရ (၂၀)ဦးဟာ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

မထောတပ်စခန်းတိုက်ပွဲတွေထဲ စစ်ကောင်စီထံက RPG-7 (၁)လက်နဲ့ ကျည်ဖူး (၃၈)လုံး၊ ၈၁မမ တစ်လက်နဲ့ ကျည်သီး(၆)လုံး၊ MA-1 (၉)လက်၊ MA-2 (၄)လက်၊ MA-3 (၄)လက်၊ MA-4 (၂)လက်၊ ငါးမြီးစက်လတ် (၁)လက်၊ ၆၀မမ ပြောင်းရှည် (၂)လက်၊ ၆၀မမ ပြောင်းတို (၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး (၃)လုံး၊ ၆၀မမ ကျည် (၁၂၃)လုံး၊ G-3 ကျည် (၆၀၀၀)တောင့်၊ ဟွန်ဒါမီးစက်တစ်လုံး၊ ခွင်းဗုံး (၅၃)လုံး၊ စကားပြောစက်ကြီးတစ်လုံးနဲ့  စားသုံးဆီ (၂)ပုလင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ‌ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ မထောအခြေစိုက် စကခ(၈)လက်အောက်ခံ ခမရ(၄၀၄)၊ ခမရ(၄၀၇)နဲ့ ခမရ(၄၀၈)တို့ စုပေါင်းထားပြီး စစ်ရေးအရ မဟာဗျူဟာ‌ကျတဲ့ တပ်စခန်းကို နိုဝင်ဘာလ (၂၂)ရက်နေ့မှာ တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 10 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 9 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 21 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 12 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 14 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊