ဒီဇင်ဘာလ (၂၆)ရက်။
အခု (၃)လတာကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ (၁၆၃)ဦးရှိခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ နိုင်ငံဝတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ စုစုပေါင်း (၃၀၈)ဦး သေဆုံခဲ့ပြီး သေဆုံးသူတွေထဲ ပညာရေးကဏ္ဍက (၁၀)ဦးပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကြောင့် သေဆုံးသူ (၃၀၈)ဦးဟာ အမျိုးသား (၁၈၃)ဦးနဲ့ အမျိုးသမီး (၁၂၅)ဦးပါဝင်ကာ သူတို့ရဲ့ အချက်အလက်တွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုင်ငံတဝန်း စစ်အုပ်စုက အမျိုးသမီး (၂၉)ဦးနဲ့ အမျိုးသား (၈၄)ဦး စုစုပေါင်း (၁၁၃)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်မှာ (၂၄)ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုဖော်ပြတဲ့ ကိန်းဂဏန်းအရေအတွက်တွေဟာ လက်လှမ်းမီသမျှ ကောက်ယူထားတာဖြစ်တဲ့အတွက် မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေက အခုထက် ပိုမိုများပြားနိုင်တယ်လို့ AAPP က ပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ (၃)နှစ်ကျော်ကာလထဲ စစ်အုပ်စုကြောင့် သေဆုံးသူ စုစုပေါင်း (၆၀၈၂)ဦးရှိခဲ့ကာ ဖမ်းဆီးခံထားရသူ (၂၁၄၅၄)ဦးရှိပြီး အဲ့ဒီထဲက (၉၈၀၀)ကျော်ကို ထောင်ဒဏ်ချမှတ်ထားတယ်လို့ သိရပါတယ်။