နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမြို့မရဲစခန်းအချုပ်မှာ ဆေးရုံတက်ခွင့်မရ‌တာကြောင့် LGBT တစ်ဦးဖြစ်တဲ့ နိုင်/ကျဉ်းတစ်ဦး သေဆုံး

ဒီဇင်ဘာလ (၂၆)ရက်။

မနေ့က မုံရွာမြို့မရဲစခန်းအချုပ်မှာ LGBT တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရပေမယ့် ဆေးရုံတက်ကုသခွင့်မရတာကြောင့် သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ သူက နိုဝင်ဘာလ ဒုတိယပတ်ကစပြီး ကျောက်ကပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာ။ ဒါကို ဆေးကုသခွင့်ရဖို့ မြို့မရဲစခန်းကို တင်ပြခဲ့ပေမယ့် ရဲစခန်းက တာဝန်ရှိသူတွေက ဆေးရုံပို့ကုသတာမလုပ်ပေးဘဲ အချုပ်ခန်းထဲမှာပဲ ဆေးလိုင်းချိတ်ပြီး ထပ်ချုပ်ထားတာ။ အဲ့ဒါကြောင့် အခုလ ဒုတိယအပတ်ကစပြီး လမ်းမလျှောက်နိုင် အစားမစားနိုင်ဘဲ ကျန်းမာရေးပိုဆိုးပြီး ကျဆုံးသွားခဲ့တာ” လို့ ဆိုပါတယ်။

ကျောက်ကပ်ရောဂါအပါအဝင် အတွင်းအကြောတက်တဲ့ဝေဒနာကို ခံစားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဘုံဘုံအနေနဲ့ ဆေးရုံတက်ကုသနိုင်ဖို့ မြို့မရဲစခန်းကို တင်ပြခဲ့ပေမယ့် ခွင့်မပြုခဲ့ဘဲ အချုပ်ခန်းထဲ ဆေးလိုင်းချိတ်ကုသပေးတာသာ ယာယီပြုလုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး လမ်းကောင်းစွာ မလျှောက်နိုင်တော့တဲ့အပြင် အစာမာတွေကိုလဲ မစားသောက်နိုင်တော့ဘဲ ကျန်းမာရေး ပိုမိုဆိုးရွားလာပြီး ကျဆုံးခဲ့တာလို့ ရေးသားထားပါတယ်။

ဘုံဘုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ (၂၄)ရက်မှာ မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီး ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)နဲ့ ၅၂(ခ)တို့နဲ့ ဒီဇင်ဘာလ (၂၃)ရက်နေ့မှာ ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခံခဲ့ရတာပါ။

ဘုံဘုံဟာ ဖမ်းဆီးမခံရချိန်က PPNM အဖွဲ့ဝင်အနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေအရေးကို လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် နှမြောဝမ်းနည်းခြင်းများစွာနဲ့ ဦးညွှတ်အလေးပြုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုလ (၂)ပတ်ထဲ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့
မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 18 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 19 Views
မေလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဘားအံခရိုင်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီစစ်ကောင်စီဗျူဟာစခန်းဟာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး တည်ရှိပြီး စစ်ကောင်စီရဲ့
မြန်မာသတင်း

(၂)နှစ်ကျော်ကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၀၀)ကျော်အထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ အခုနှစ် မေလ (၁၂)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၇၉)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ ယာယီအပစ်အခတ်ရပ်စဲရေးကို
မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စကစ လေယဉ် ဗုံးကြဲ လူသတ်တိုင်း NUG က မကာကွယ်ပေးလို့ဆိုတဲ့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ မေလ (၉)ရက်နေ့ ‌နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 81 Views
မေလ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ ကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး
မြန်မာသတင်း

မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 38 Views
မေလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က