ဒီဇင်ဘာလ (၂၆)ရက်။
ဒီကနေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်အချိန်က မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီက မဆင်မခြင် ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးက ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲပြီး ကလေးတွေနဲ့ အရပ်သားတွေ ထိမှန်သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် (၂)ဦး သေဆုံးခဲ့ကာ ပြည်သူ (၃)ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အတူ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် MDY-PDF နဲ့ စစ်ကောင်စီတပ်တို့အကြား မတ္တရာ၊ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။