နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

သံဃာတွေကိုသတ်ဖြတ်ရဲတဲ့ အကြမ်းဖက်စစ်တပ်က ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားတာလို့ NUG သမ္မတရုံးထုတ်ပြန်

ဇွန်လ (၂၇)ရက်။

သံဃာတွေကို သတ်ဖြတ်ရဲတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်က ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားတာဖြစ်တာကြောင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချတယ်လို့ NUG သမ္မတရုံးရဲ့ ဒီကနေ့မှာပေးပို့တဲ့ ဝမ်းနည်းသဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် ပျံလွန်တော်မူခဲ့ရတဲ့အတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်းကြေကွဲတယ်လို့ ဆိုပါတယ်။

ဆရာတော်ကြီးဟာ ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် ရဟန်းတပါးဖြစ်တဲ့အတွက် ယူကျုံးမရ နှမြောတသဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က အဖြစ်မှန်ကို တမင်ဖုံးကွယ်ပြီး PDF အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချပြီး လိမ်လည်ကာ သတင်းထုတ်ပြန်ခဲ့တာက သံဃာထုနဲ့ တိုင်းပြည်ကို စော်ကားလိုက်တာလို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဒီလိုလိမ်လည်တာအတွက် အကြမ်းဖက်စစ်တပ်ရဲ့ အဆင့်ဆင့်တာဝန်ရှိသူအားလုံးအနေနဲ့ အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမယ်လို့ NUG သမ္မတရုံးက သတိပေးထားပါတယ်။

တိုင်းပြည်မှာ အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ အခုလိုဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးတွေဲ့ ကြုံတွေ့နေရဦးမှာဖြစ်တဲ့အတွက် ဘာသာပေါင်းစုံပြည်သူတရပ်လုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 14 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ
မြန်မာသတင်း

လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူလက်တွဲရပ်တည်ဖို KNU ဥက္ကဋ္ဌ တိုက်တွန်းဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၉)ရက်။ ကရင်လူမျိုးတွေသာမက လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ပြီး အောင်မြင်မှုကို အတူရယူကြဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့
မြန်မာသတင်း

လက်ပံတန်းရှိ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၁၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၆)နာရီအချိန်က လက်ပံတန်းမြို ဆင်တလင်းရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို အရှိချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်တလင်းရွာရှိ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာမှာ စခန်းမှာ ဦးစီးတဲ့ ဒုရဲအုပ်အပါအဝင်
မြန်မာသတင်း

NUG ပြုပြင်ပြောင်းလဲရေး လူထုထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြမယ်လို ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၉)ရက်။ NUG ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထရဲ့ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြဖို ကြိုးစားမယ်လို ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အစိုးရအဖွဲပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာ
မြန်မာသတင်း

(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့က ခင်ဦးနယ်အရှေ့တောင်ခြမ်းရှိ ဧရာဝတီမြစ်ကူးဆိပ်ကမ်း (၂)ခုကို စစ်တပ်က ဂျက်ဖိုက်တာ (၅)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 31 Views
ဒီဇင်ဘာလ (၁၈)ရက်။ Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Justice for
မြန်မာသတင်း

လှိုင်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၈)ရက်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို တော်လှန်ရေးတပ်တွေအကြား ဘုံရည်မှန်းချက်၊ ဘုံလမ်းစဉ်တွေနဲ့ အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှုတွေ တည်ဆောက်တာက တော်လှန်ရေးအောင်ပွဲဆီ ပိုမိုတည့်မတ်စွာ