မေလ (၂၈)ရက်။
မနေ့က ညနေ(၄)နာရီအချိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ ရဲသတင်းပေးဒလန်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရတယ်လို့ The Voice of wetlet madayar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ စစ်ကောင်စီရဲ့ ရဲသတင်းပေး ဒလန်ဟာ ဝေဖြိုးအောင်ဖြစ်ပြီး ရေနံ့သာအုပ်စု ခုတင်(၇၀၀)ဆံ့ဆေးရုံက Non-CDM သူနာပြုဆရာမရဲ့ အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီရဲသတင်းပေး ဒလန် ဝေဖြိုးအောင်ဟာ သူ့ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်လင်းခံရတာဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မနေ့က မနက်ပိုင်းအချိန်ကလဲ မန္တလေး-မတ္တရာလမ်းရှိ ပုသိမ်ကြီးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ စစ်ကောင်စီက လူငယ်အလောင်း နှစ်လောင်းကို စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလူငယ်တွေဟာ လွန်ခဲ့တဲ့ နှစ်လခန့်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး မတ္တရာမြို့နယ် ဇာမဏီပျောက်ကြားအဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ The Voice of wetlet madayar က ပြောဆိုထားပါတယ်။
အလောင်းစွန့်ပစ်ခံရတဲ့ လူငယ်နှစ်ဦးဟာ အသက် (၂၀)ဝန်းကျင်ရှိသူတွေဖြစ်ကာ စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ အလောင်းကို လွန်ခဲ့တဲ့တစ်ပတ်လောက်ကထဲက ပစ်ထားတာလို့ သိရပါတယ်။