ဇွန်လ (၂၈)ရက်။
မနေ့က နံနက်(၈)နာရီအချိန်မှာ မြိုင်မြို့နယ်ထဲရှိ သံဃာတော်အပါး (၁၀၀)ကျော်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆာင်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်ထဲ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်တဲ့ သံဃာတော်တွေကို ဒါယကာ၊ ဒါယကာမတွေက ဝန်းရံပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တာကို သည်းခံ ခွင့်လွှတ် မေ့ပျောက်ဖို့ ပြောဆိုခဲ့တဲ့ သီတဂူဆရာတော်ကိုလဲ တပည့်သံဃာနဲ့ ဒါယကာ၊ ဒါယကာမတွေအပါအဝင် ပြည်သူတွေက ဆန့်ကျင်နေကြတာပါ။
အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ရာမှာ တနိုင်ငံလုံးက သံဃာတွေ ပါဝင်ကြဖို့ကိုလဲ ချောင်းဦးမြို့ သပိတ်ခေါင်းဆောင် ဆရာတော် ဥူးဇာနည်ရက တိုက်တွန်းထားပါတယ်။
ဒါ့ပြင် အခုဖြစ်ပေါ်နေတဲ့ ပတ္တနိက္ကုဇ္ဇန-ကံဆောင်တော်မူကြတဲ့ သံဃာအဖွဲ့အစည်းတွေနဲ့ တသားတည်း အပြည့်အဝသဘောတူတယ်လို့ သံဃသမဂ္ဂ(မန္တလေး)ရဲ့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တာကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အရိုးပြာကို ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်တောင်းမြစ်ထဲ ရေမြောပူဇော်ခဲ့တယ်လို့ သိရပါတယ်။


