ဇူလိုင်လ (၂၈) ရက်။
မနေ့က ဇူလိုင်လ (၂၇) ရက်နေ့ ညနေပိုင်းမှာ လားရှိုးမြို့အခြေစိုက် ခလရ (၆၈) တပ်ရင်းကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA နဲ့ BPLA တို့က ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
စစ်သုံးယာဉ် ၁၀ စီး အပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။