နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 19 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်

စက်တင်ဘာလ (၂၈)ရက်။

စက်တင်ဘာလ (၂၆)ရက်နေ့က အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေ စုပေါင်းထားတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမ်းမြို့ ကျောက်စကွဲကျေးရွာရဲ့ အနောက်ဘက် မီတာ (၄၀၀)ခန့်အကွာမှာ စစ်ကောင်စီရဲ့ စကခ (၅) လက်အောက်ခံ ခမရ(၃၄၆/၃၇၃/၃၇၂)တပ်ရင်းတွေ စုပေါင်းထားတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်ကစပြီး (၂)နာရီနီးပါးကြာ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၅)ဦး သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က နံနက် (၁၀)နာရီခန့်ကလဲ အထက်ပါနေရာအနီး၀န်းကျင်မှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးအချို့ရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီထံကနေ စစ်အသုံးအဆောင်ပစ္စည်းတွေအပါအဝင် လက်နက်ခဲယမ်းနဲ့ ခြင်းတောင်းအများအပြားကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်ကစပြီး ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာရဲ့ အရှေ့တောင်ဘက် မီတာ (၁၀၀၀)ခန့်အကွာ ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းပေါ်မှာ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 15 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့
မြန်မာသတင်း

ကျောက်ဆည်အနီးမှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ် မန္တလေးနဲ့ မြိုကြီးတွေမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားရတယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 35 Views
မေလ (၁၈) ရက်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နားမှာ မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မေလ ၁၇ ရက်နေ့ည
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 123 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ လူကုန်ကူးခံရသူများကို ကယ်တင်ရန် အရေးပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ ယင်းဒုက္ခသည်များထဲတွင် ကင်မရွန်း၊ အီသီယိုးပီးယား၊
မြန်မာသတင်း

မင်းပြားတိုက်ပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံပန်း မိသားစုများကို AA ပြန်လွှတ်

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 30 Views
မေလ (၁၇) ရက်။ အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း မင်းပြားမြို့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းမိသားစုဝင် ၂၂၅ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာ Arakan Princess Media မှာ ဖော်ပြပါတယ်။ မင်းပြားမြိုသိမ်းတိုက်ပွဲကာလအတွင်း
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 33 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ (၂)နှစ်ကျော်ကာလထဲ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ
မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 35 Views
မေလ (၁၆)ရက်။ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ MNDAA က လားရှိုးမြို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို