နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ထပ်မံထုတ်ပြန်

ဒီဇင်ဘာလ (၂၈)ရက်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူစုလူဝေး မပြုလုပ်ဖို့နဲ့ ညမထွက်ဖို့ဆိုတဲ့ ပုဒ်မ-၁၄၄ ကို စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ပြည်သူအချို့ဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေဖို့ ပြုလုပ်တာကြောင့် ပုဒ်မ-၁၄၄ကို ထုတ်ပြန်တာလို့ ဒီဇင်ဘာလ (၂၆)ရက်နေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

အခုလို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတာအပါအဝင် ရုန်းရင်းဆန်ခတ်တာတွေ ပြုလုပ်နိုင်တာကြောင့် မြို့နယ်ထဲ စုဝေးတာ၊ ဟောပြောတာ၊ စီတန်းလှည့်လည်တာ၊ ဆန္ဒပြတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

နောက်ပြီး လူ (၅)ဦးနဲ့အထက် မြို့နယ်ထဲ လမ်းမကြီးတွေ၊ အများပြည်သူသွားတဲ့လမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(ဒါမှမဟုတ်)အများနဲ့ဆိုင်တဲ့နေရာတွေမှာ စုဝေးတာမလုပ်ဖို့နဲ့ နံနက်(၁)နာရီကနေ နံနက် (၃)နာရီအတွင်း ညမထွက်ဖို့ ထပ်မံထုတ်ပြန်ထားတာပါ။

အခုထုတ်ပြန်တဲ့အမိန့်ဟာ နောက်ထပ် အမိန့်တစုံတရာမရမချင်း အတည်ဖြစ်တယ်လို့ ပြောဆိုထားပါသေးတယ်။

ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်ထဲက ဆိတ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်ကလွဲပြီး ကျန် (၃၁)မြို့နယ်မှာ နံနက် (၁)နာရီကနေ နံနက် (၃)နာရီအတွင်း ညမထွက်ဖို့ စစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမြို့ မြေတော်ရွာကို စစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျေးရွာထဲ ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 5 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၄)ရင်နေ့နဲ့ (၁၅)ရက်တို့မှာ ရေစကြိုမြို့နယ်ရှိ မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ Yesagyo Township
မြန်မာသတင်း

ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလိုက်သိမ်း

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 2 Views
မတ်လ (၁၇)ရက်။ ရန်ကုန်-မန္တလေးအမြန်လမ်း (၃၉)မိုင်ရှိ ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 1 Views
မတ်လ (၁၇)ရက်။ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်တဲ့အခမ်းအနားမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အားလုံးသိတဲ့အတိုင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်တာတွေကို စီစဉ်နေပါပြီ။ ရွေးကောက်ပွဲကို
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 5 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက
မြန်မာသတင်း

စစ်ဆင်ရေးအရှိန်မြင့်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာခွင့်တားမြစ်

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 4 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာတာတွေကို တားမြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဲခူးရိုးမထဲရှိ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေထဲ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေရှိပြီး စစ်ဆင်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် တားမြစ်တာလို့
မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 18 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး သတင်းပေးပို့ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်တန့်ရန် ၎င်း၏ သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 24 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ကမမောင်းတပ်စခန်းကနေ (၁၂၀)မမ လက်နက်ကြီး (၃)လုံးနဲ့
မြန်မာသတင်း

ရွှေစာရံဘုရားပွဲလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 13 Views
မတ်လ (၁၆)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကျောက်ဆည်-အုန်းချော ခရိုင်ချင်းဆက်လမ်းမကြီးပေါ်ရှိ ရွှေစာရံမြစ်ကူးတံတားအနီးမှာ ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ အဲ့ကားလေးက ပြင်ဦးလွင် မိုးကြိုးရွာက ရွှေစာရံဘုရားပွဲကို လာရောက်လည်ပတ်တာ။ အဲ့ဒါ ရွှေစာရံမြစ်ကူးတံတားနားက