နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

အသက်(၁၈)နှစ်နဲ့အထက် လူဦးရေစာရင်းတွေ ရှေ့ပြေးလူဦးရေစာရင်းနဲ့အတူတင်ပြဖို့ စစ်ကောင်စီပြော

ဇွန်လ (၂၉)ရက်။

အသက်(၁၈)နှစ်နဲ့အထက် လူဦးရေစာရင်းကို ရှေ့ပြေးလူဦးရေစာရင်းနဲ့အတူ တင်ပြဖို့ စစ်ကောင်စီလ၀က၀န်ကြီး ဦးမြင့်ကြိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ မြေပြင်စာရင်းကောက်ယူခဲ့တဲ့ စာရင်းတွေကနေ အသက် (၁၈)နှစ်နဲ့အထက် အတည်ပြုလူဦးရေစာရင်းကို ပြည်လုံးကျွတ်သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းနဲ့ပြိုင်တူ တင်ပြရမယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအသက်သွင်းပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းကို စစ်မှုထမ်းသင်တန်းတွေ ခေါ်ယူနေတာ အခုဆိုရင် သင်တန်းအပတ်စဉ် (၃)အထိရှိနေပါပြီ။

နိုင်ငံတ၀န်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းနေသလို သင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းကာ အခုလကုန် တာ၀န်တွေထမ်းဆောင်ခိုင်းမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုထားတာနဲ့အတူ လာမယ့် အောက်တိုဘာလထဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက်ကနေ (၁၅)ရက်အထိ သတ်မှတ်ထားပြီး လုံခြုံရေးအပြည့်အ၀ယူဖို့နဲ့ လိုအပ်ရင် ရက်တိုးကောက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၇)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 34 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ပျက်သွားတဲ့ NCA-  ပြန်အသက်သွင်းလို့ရနိုင်ပါ့မလား” ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၉ရက်နေ့ မှာ NCA  ၁၀နှစ်မြောက်အခမ်းအနားကို
မြန်မာသတင်း

ဆားလင်းကြီးနယ်ထဲ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ပြည်သူသောင်းနဲ့ချီ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 47 Views
အောက်တိုဘာလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။ “
မြန်မာသတင်း

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 47 Views
အောက်တိုဘာလ (၁၈)ရက်။ TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဟာ အောက်တိုဘာလ (၂)ရက်နေ့ကစပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာလ (၁၇)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 26 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီဇနီးမောင်နှံက ကောလင်း ညောင်ကုန်းရွာကနေ တန့်ဆည်ဘက်ကို
မြန်မာသတင်း

NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 31 Views
အောက်တိုဘာလ (၁၈)ရက်။ NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ NCA ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေရှိတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 28 Views
အောက်တိုဘာလ (၁၈)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ အလံဖြူထောင် အလင်းဝင်သူတွေ ရှိနေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထိုးစစ်ဆင်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲကနေ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စကမတပ်ဖွဲ့ဝင်တွေကို
မြန်မာသတင်း

သီပေါမြို့ထဲ နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 42 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ထဲကို နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ သီပေါမြို့နဲ့ ဒေသတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေကာ မြို့အဝင် တိုးဂိတ်ကိုရောက်ရှိချိန် မြို့ထဲ
မြန်မာသတင်း

တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေ တိုးမွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 40 Views
အောက်တိုဘာလ (၁၇)ရက်။ တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေကို တိုးမြှင့်မွေးမြူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပမာအနေနဲ့ ရန်ကုန်တိုင်းမှာ လူဦးရေ (၇)သန်းရှိပြီး လူဦးရေတဝက်က