နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်” ဈေးရောင်းပွဲကရတဲ့ ရန်ပုံငွေတွေကို မီးဘေးသင့်နဲ့ စစ်ရှောင်တွေအတွက် ကူညီပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

‌ဇွန်လ (၂၉)ရက်။

“ ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်” ဈေးရောင်းပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို နေအိမ်မီးရှို့ခံရသူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပိုးခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်” ရန်ပုံငွေဈေးရောင်းပွဲကို NUG လူသားစာနာ၀န်ကြီးဌာနက ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဈေးရောင်းပွဲကနေရတဲ့ ရန်ပုံငွေ ကျပ်သိန်း (၅၀၀)ကို ပဲခူး၊ စစ်ကိုသ်း၊ မကွေးနဲ့ မန္တလေးတို့က နေအိမ်မီးရှို့ခံရတဲ့သူတွေနဲ့ စစ်ဘေးရှောင် (၇၁၃၄၇)ဦးတို့ကို စားနပ်ရိက္ခာနဲ့ မိုးကာစတွေကို သက်ဆိုင်ရာမြို့နယ် လူသားစာနာတာ၀န်ခံတွေကနေတဆင့် ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အရေးပေါ်ထောက်ပံ့တာတွေကို စစ်ဘေးရှောင်တွေဆီ ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့ကြသူတွေ၊ စေတနာ့၀န်ထမ်းတွေနဲ့ ရန်ပုံငွေအလှူ‌ရှင်တွေကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။

မေလထဲမှာ စစ်ဘေးရှောင် (၁၇၀၀၀၀)ကျော်အပါအ၀င် ကျဆုံးရဲဘော် (၂၃၈)ဦးနဲ့ ထိခိုက်ဒဏ်ရာရရဲဘော် (၃၃၅)ဦးအပြင် CDM ၀န်ထမ်းတွေ၊ နိုင်/ကျဉ်းတွေနဲ့ သဘာ၀ဘေးဒဏ်ခံစားရသူတွေအတွက် လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၄၈၆.၇)သန်းကို ကူညီခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် မီးရှို့ခံရတဲ့ နေအိမ်တွေထဲကနေ လုံခြုံစိတ်ချရတဲ့နေရာမှာ ဆောက်လုပ်နိုင်တဲ့ နေအိမ် (၁၃၂)လုံးကို ယာယီတဲဆောက်လုပ်ပေးတာနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တာပေါ်လင် မိုးကာစ (၄၁၉)ခုကို ပံ့ပိုးပေးခဲ့တယ်လို့ အ‌သိပေးထားပါတယ်။

တော်လှန်ရေးကာလ (၃)နှစ်ကျော်ကာလထဲ တော်လှန်ရေးအောင်မြင်နိုင်ဖို့ကိုသာ ရှေးရှုပြီး အကြပ်အတည်းတွေကြားကနေ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူပြီး လက်တွဲဆောင်ရွက်သွားဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 3 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်းအနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 3 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့်
မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 7 Views
ဇန်နဝါရီလ (၁၉) ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးကို သတင်းပို့ပြောပြချက်တွေအရ သိရပါတယ်။ “ ဒီဇင်ဘာလထဲကစပြီး ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်အချို့ကို
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ ရှိခဲ့လင့်ကစား အမေရိကန် ဒီမိုက‌ရေစီစနစ်ရဲ့ လေးစားထိုက်တဲ့အမူအကျင့်ကိုပြသတဲ့အနေနဲ့ သူဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားခဲ့ပေမဲ့ သူ့အစိုးရက
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခ ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်ခံရ၊ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO အပါအဝင် (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည (၉)နာရီ (၄၇)မိနစ်အချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာအခြေစိုက်