ဇွန်လ (၂၉)ရက်။
ဇွန်လ (၂၈)ရက် နံနက် (၄)နာရီအချိန်က ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်ထဲ တပ်စွဲဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျွန်းလှမြို့နယ်ထဲ စစ်ကောင်စီရဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းအင်အား (၂၀၀)ခန့်ဟာ အင်းတိုင်ရွာနဲ့ ကျောက်ပုံကုန်းနေရာတို့မှာ တပ်စွဲဖို့ပြင်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် (၂)ဦး ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီထံကနေ လက်နက်ငယ် (၈)လက် သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေဘက်က (၂)ဦး ကျဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ကောင်စီပူးပေါင်းတပ်တွေကို ကန့်ဘလူခရိုင် တပ်ရင်း (၁၊၂)၊ ရွှေဘိုခရိုင်ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း (၆၊ ၉၊ ၁၂)၊ ဗျူဟာ-၅၂(ရွှေဘိုခရိုင် တပ်ရင်း-၇၊ ၈၊ ၁၀၊ ၁၆)၊ တန့်ဆည်မြို့နယ် ပကဖ၊ စစ်ကိုင်းတိုင်း ပကဖနဲ့ ကျွန်းလှမြို့နယ်ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။