နိုဝင်ဘာလ (၂၉)ရက်။
မနေ့က မူးမြို့နယ်ရှိ ညောင်ပင်သာရွာနဲ့ ပေါက်ဇလုပ်ရွာကြားမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ KSPN ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မူးမြို့ ညောင်ပင်သာနဲ့ ပေါက်ဇလုပ်ရွာကြားက လမ်းပိုင်းမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း ပေါက်ကွဲပြီး မိသားစုလိုက် ထိတာ။ အဲ့ဒီထဲက အဖေနဲ့ သမီး (၂)ဦး သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။
မူးမြို့ ညောင်ပင်သာရွာနဲ့ ပေါက်ဇလုပ်ရွာကြားရှိ အများပြည်သူအသုံးပြုနေတဲ့ လမ်းပိုင်းမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း ပေါက်ကွဲကာ မိသားစုဝင် (၃)ဦး ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေမြုပ်မိုင်းပေါက်ကွဲကာ ထိမှန်ခဲ့တဲ့အတွက် အသက် (၂၇)နှစ်အရွယ် ဖခင်ဖြစ်သူနဲ့ (၅)နှစ်အရွယ် သမီးငယ်တို့ သေဆုံးခဲ့ပြီး အသက် (၂၅)နှစ်အရွယ် မိခင်ဖြစ်သူဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနေ့တရက်ထဲမှာပဲ မူးမြို့ရှိ ရွာသာယာရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် လယ်ဒိုမြို့နယ် နတ်တလင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် (၂)လုံးနဲ့ ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့တယ်လို့လဲ သိရပါတယ်။