နိုဝင်ဘာလ (၃၀)ရက်။
မနေ့က မုံရွာမြို့ အလယ်ရပ်ကွက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို အနီးကပ်ရှင်းလင်းခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က အလယ်ရပ်ကွက်ထဲ ကင်းစောင့်နေတဲ့ စခတစ်ဦးကို နာနတ်သီးတစ်လုံး ကောက်ရတယ်ဆိုပြီး သွားအပ်တာကနေ စိတ်ဆိုးတာကြောင့် အနီးကပ်ရှင်းလင်းခဲ့တယ်” လို့ ဆိုပါတယ်။
ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားကို ဗုံးတစ်လုံးကောက်ရတယ်ဆိုပြီး 3 Star Local ခေါင်းဆောင် ဒေါင်းလေးက သွားရောက်အပ်နှံခဲ့ပြီး အနီးကပ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားကို မုံရွာမြို့နယ်ပလဖနဲ့ 3 Star Local အဖွဲ့တို့ ပူးပေါင်းကာ အနီးကပ် ရှင်းလင်းခဲ့တာဖြစ်ပြီး သူ့ဆီကနေ MA3 တလက် သိမ်းဆည်းရမိခဲ့တယ်လို ရေးသားထားပါတယ်။
မုံရွာပလဖတွေအနေနဲ့ အနီးဝန်းကျင်နေရာတွေကို ကင်းထောက်လုံခြံရေးယူပေးခဲ့ပြီး ဟန်ချက်ညီညီ အောင်မြင်စွာ စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးဟာ အန္တရာယ်အလွန်များခဲ့ပြီး အသက်ကို စပေါ်တင်ကာ ပြုလုပ်ခဲ့ရတာဖြစ်သလို ပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ လက်နက်လိုအပ်ချက်တွေ ရှိနေတဲ့ 3 Star Local အဖွဲ့ကို လှူဒါန်းပေးကြဖို့လဲ မုံရွာမြို့နယ်ပလဖက တိုက်တွန်းထားတယ်လို့ သိရပါတယ်။