နိုဝင်ဘာလ (၃၀)ရက်။
မနေ့က ည (၈)နာရီ (၄၀)မိနစ်အချိန် ကြို့ပင်ကောက်မြို့အရှေ့၊ ဆင်ပိုက်အနောက်စုရွာက ပျူတပ်စိတ်မှူး ကိုကိုဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BTZM GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကိုကိုဦးက ဆင်ပိုက်အနောင်စုရွာက လမ်းကော်မတီဥက္ကဋ္ဌလဲဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်ဖြစ်သလို ပျူတပ်စိတ်မှူးလဲဖြစ်ပါတယ်။ သူက လမ်းမီး တစ်ယူနစ်ကို (၃၀၀)ကျပ် ကောက်နေတာ” လို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ကိုကိုဦးဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သလို ရွာလမ်းကော်မတီဥက္ကဋ္ဌတာဝန်ယူထားကာ ပျူတပ်စိတ်မှူးတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူဟာ ဒေသခံကျေးရွာလူထုအပေါ် စစ်ကောင်စီတပ်ကို အားကိုးပြီး အနိုင်ကျင့်ဗိုလ်ကျနေကာ လမ်းမီး တစ်ယူနစ်ကို ငွေ (၃၀၀)ကျပ် ကောက်ခံနေတာကြောင့် သုတ်သင်ရှင်းလင်းခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီပျူတပ်စိတ်မှူး ကိုကိုဦးကို ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် BTZM GBK-PDF ပဲခူးရိုးမအခြေပြုအဖွဲ့က အပြစ်ပေးအရေးယူခဲ့တာလို့ ထုတ်ပြန်ထားချင်အရ သိရပါတယ်။