နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံရေးပြဿနာကို ရိုးသားစွာမဖြေရှင်းရင် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ KNU ပြော

ဒီဇင်ဘာလ (၃၀)ရက်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရိုးသားစွာ မဖြေရှင်းနိုင်ရင် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းရဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိစေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာကို ရပ်တန့်ပြီး တွေ့ဆုံအဖြေရှာဖို့ ပူးပေါင်း‌လုပ်ဆောင်ခဲ့ပေမယ့် အာဏာရှင်တွေက နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဆန္ဒသဘောထားမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

ဗမာစစ်တပ်ရဲ့ ကြီးစိုးတာနဲ့ အာဏာသိမ်းအုပ်ချုပ်တာတွေကို တိုက်ဖျက်ပြီး အမြစ်ပြတ်ချေမှုန်းဖို့အတွက် တစ်ခုထဲသောနည်းလမ်းက သူတို့အားထားအသုံးပြုတဲ့ စစ်ရေးအရ ဖိအားပေးပြီး အနိုင်ယူတာသာဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။

အခုအခါ စစ်တပ်အာဏာသိမ်းတာ (၄)နှစ်ပြည့်တော့မှာဖြစ်သလို သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအရ ဆန့်ကျင်တိုက်ပွဲဝင်တာတွေ ပိုမိုပြင်းထန်လာကာ ပြည်သူတွေရဲ့ ထောက်ခံအားပေးတာ မရှိတော့သလို စစ်တပ်ဟာ အဘက်ဘက်ကနေ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်လာရပြီလို့ သိရပါတယ်။

နောက်ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တာတွေကြောင့် ပြည်သူအများစုဟာ ဆင်းရဲကြပ်တည်းတာ၊ ပျက်စီးဆုံးရှုံးတာ၊ ထိခိုက်သေဆုံးတာနဲ့ ပူပန်စိုးရွံ့တာတို့ကို ရင်ဆိုင်နေရပြီး ပြည်သူတွေကို စာနာထောက်ထားမိတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါပေမယ့်လဲ အခုချိန်ထိ တိုက်ပွဲဆင်နွှဲနေတာဟာ ဒီကနေ့ခေတ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တစ်ခုထဲသာမက နိုင်ငံထဲက မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် အမျိုးမျိုးကို အပြီးတိုင် ပျက်သုဉ်းတဲ့အထိ တိုက်ဖျက်သွားဖို့ မျှော်မှန်းထားတယ်လို့ အသိပေးထားပါတယ်။

အခုလို မျှော်မှန်းချက်ပြည့်စုံစေဖို့ဟာ တခြားနည်းလမ်း မရှိတော့တာကြောင့် ပြည်သူတွေအနေနဲ့ အခြေအနေအရပ်ရပ်ကို နားလည်လက်ခံ ရင်ဆိုင်သွားဖို့နဲ့ အတူလက်တွဲပြီး အောင်မြင်မှုရရှိဖို့ တော်လှန်ရေးမှာ အတူတိုက်ပွဲဝင်ဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 25 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 26 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 31 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 23 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 33 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 207 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊