နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

‌(၄)နှစ်တာစစ်ဆင်ရေးထဲ ချင်းညီနောင်တပ်ဖွဲ့ဝင် (၂၅၀)ဝန်းကျင် ကျဆုံးခဲ့

ဒီဇင်ဘာလ (၃၁)ရက်။

(၄)နှစ်တာကာလ ချင်းညီနောင်စစ်ဆင်ရေးထဲ တပ်ဖွဲ့ဝင် (၂၅၀)ဝန်းကျင် ကျဆုံးခဲ့တယ်လို့ CDF-MINDAT စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်းဖေရဲ့ မနေ့ကပြုလုပ်တဲ့ ချင်းညီနောင်(၁)နှစ်ပြည့်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ (၄)နှစ်ကျော်ကာလမှာ အဖွဲ့အစည်းအသီးသီးက ကျဆုံးရဲဘော် (၂၀၀)နဲ့ (၃၀၀)ကြားပေ့ါ၊ စုစုပေါင်း (၂၅၀)ဝန်းကျင်လောက် ကျဆုံးခဲ့ပြီးတော့ တပ်ဖွဲ့ဝင်ပေါင်း (၁၀၀၀)လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ” လို့ ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေအနေနဲ့ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ယောနယ်ထဲရှိ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးနဲ့ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ထဲ ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောဆိုထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲထဲ ချင်းညီနောင်တွေဘက်က မြို့ကို အလုံးစုံ ထိန်းချုပ်ထားကာ စစ်ကောင်စီက လေကြောင်းကနေ စစ်ကူပို့တဲ့ အင်အား (၁၀၀)ကျော်ကိုလဲ ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ခလရ(၂၆၈)တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းညီနောင်စစ်ဆင်ရေးထဲ စစ်ကောင်စီထံကနေ ဟောင်ဝစ်ဇာနဲ့ လေယာဉ်ပစ် လက်နက်ကြီးတွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် (၁၀၀၀)ခန့် သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း (၆၀၀)ဦးခန့် ဖမ်းမိခဲ့တယ်လို့ ထပ်မံပြောဆိုထားပါတယ်။

ချင်းညီနောင်ကို ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ CDF-KANPETLET၊ CDF-Matupi တပ်မဟာ(၁)နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC)တို့ ပူးပေါင်းဖွဲ့စည်းထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 2 Views
ဇန်နဝါရီလ (၃)ရက်။ MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့
မြန်မာသတင်း

မန္တလေးမှာ တလထဲ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရတဲ့လူငယ် (၄၀၀)နီးပါးရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 6 Views
ဇန်နဝါရီလ (၃)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ မန္တလေးတိုင်းရှိ မြို့နယ် (၇)ခုမှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့လူငယ် (၃၉၁)ဦးရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကောလင်းမှာ NUG ရဲ့ သယံဇာတကော်မတီ အတွင်းရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 2 Views
ဇန်နဝါရီလ (၃)ရက်။ ကောလင်းမြိုမှာ NUG လက်အောက်ရှိ သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုအရိန္ဒာမာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကောလင်းမြိုနယ် သယံဇာတကော်မီတီ အတွင်းရေးမှူး ဆရာအရိန္ဒာမာ မနေ့က
မြန်မာသတင်း

ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုတဲ့ ဆွေးနွေးပွဲရလဒ်တစ်ခု ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 2 Views
ဇန်နဝါရီလ (၃)ရက်။ အခုရက်ပိုင်းကစပြီး ‌ငွေဆောင်သဘောတူညီချက်ဆိုတဲ့ အချက် (၇)ချက်ပါတဲ့ ဆွေးနွေးပွဲရလဒ်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီငွေဆောင်သဘောတူညီချက် (၇)ချက်ထဲ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်စေဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ စစ်ပွဲတွေရပ်တန့်ထားဖို့ လိုအပ်တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၄၀၆)ဦးရှိခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 3 Views
ဇန်နဝါရီလ (၃)ရက်။ ၂၀၂၄ခုနှစ် တစ်နှစ်တာကာလထဲ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သူ (၄၀၆)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ အခုရက်ပိုင်းထဲ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရေအတွက်ထဲ ရဲစခန်းတွေမှာ (၁၂)ဦး၊ စစ်ကြောရေးစခန်းတွေမှာ (၁၅)ဦးနဲ့
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာဒေသတွေကို စက်သုံးဆီရောင်းချနေသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 2 Views
ဇန်နဝါရီလ (၃)ရက်။ စစ်ကိုင်းနဲ့ မန္တလေးတို့က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေဆီ စက်သုံးဆီ သိုလှောင်ရောင်းချနေသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရားမဝင် စက်သုံးဆီ သိုလှောင်ရောင်းချသူတွေဆိုပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း
မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ ခမရ(၃၅၅)ထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်ကို NUG ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 2 Views
ဇန်နဝါရီလ (၃)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ သင်္ဃန်းညီနောင် ခမရ(၃၅၅)ဝင်းထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့က သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင်ချေမှုန်းနေတဲ့
မြန်မာသတင်း

ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 10 Views
ဇန်နဝါရီလ (၂)ရက်။ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီဆိုက်ဘာလုံခြုံရေးဥပဒေမှာ ဆိုက်ဘာအလွဲသုံးစားပြုတာ၊ ခွင့်ပြုချက်မရှ်ဘဲ VPN ထူထောင်တာအပြင် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာတွေကို ပြစ်ဒဏ်ချမှတ်သွားမယ်လို့