နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ် ပြော 

ဇန်နဝါရီလ (၁) ရက်။

ဒီနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်တွေ ထားရှိထားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့၂ နှစ်ကတည်းက အညာဒေသနဲ့ မြေလတ်ဒေသတို့မှာ စစ်ဒေသတွေ ထားရှိထားပြီး ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များကို ဆောင်ရွက်နေတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ပြောဆိုထားပါတယ်။ 
ဒီနှစ်၂၀၂၅ ခုနှစ်ဟာ တောင်တန်းဒေသကနေ မြေပြန့်ဒေသတွေဆီကို တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ SAF က ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ (EROs) တွေဆီမှာ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာ အတွေ့အကြုံတွေကိုယူပြီး “မြန်မာပြည်အလယ်ပိုင်းထိ ထိုးဖောက် ဝင်ရောက်နိုင်ရေး” ရည်မှန်းချက်တွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိမှာလည်း ရခိုင်ရိုးမတကြော စစ်ရေးလှုပ်ရှားနေပြီး အဲ့ဒီကတစ်ဆင့် မကွေး၊ ပဲခူး၊ ဧရာဝတီစတဲ့ ဒေသတွေကို စစ်မျက်နှာဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်မှာ တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေး တပ်ပေါင်းစု တစ်ရပ်ဖြစ်လာဖို့ နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲရမယ်လို့လည်း SAF က ပြောဆိုထားပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် (SAF) ဟာ အာရက္ခတပ်တော် (AA) နဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိပြီး AA နဲ့အတူ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေအရလည်း ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းမှာရှိတဲ့ စစ်ကောင်စီ လက်နက် ထုတ်စက်ရုံများကို တိုက်ခိုက်ခြိမ်းခြောက်နိုင်တဲ့အဖွဲ့ ဖြစ်တယ်လို့ ဆိုထားပြီး ကျောင်းသားလက်ရုံးတပ်တော် (SAF) စစ်ဦးစီးချုပ်ကိုလည်း စစ်ရေးပရိယယ်ကြွယ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စက်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေဟာ မကွေးတိုင်းထဲမှာ အများဆုံးရှိပါတယ်။
နိုင်ငံတော်သစ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် ဖိနှိပ်ခံလူထုနဲ့အတူ ကျောချင်းကပ် ရင်ချင်းဆက်ပြီး တော်လှန်စစ် ဆုံးခန်းတိုင်တဲ့အထိ လက်နက်စွဲကိုင်တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 25 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 31 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 23 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 33 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 209 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊