နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ EU ထုတ်ပြန်

ဖေဖော်ဝါရီလ (၁)ရက်။

မြန်မာစစ်တပ်ရဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်တာတွေ အားလုံးရပ်တန့်ဖို့ EU က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းတာ (၄)နှစ်မြောက်‌တဲ့ ဒီကနေ့မှာ ဥရောပသမဂ္ဂ(EU)က ထပ်မံထုတ်ပြန်ထားတာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းတာဟာ မြန်မာနိုင်ငံကို ဆိုးရွားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေးနဲ့ လူသားစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကျရောက်စေပြီး ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တာတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အရေးပေါ်အကူအညီလိုအပ်သူတွေဟာ (၁)သန်းကနေ သန်း(၂၀)အထိ တဟုန်ထိုး တိုးလာခဲ့ပြီး ပဋိပက္ခကြောင့် လူပေါင်း(၃)သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပြည်သူသောင်းနဲ့ချီ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

EU ရဲ့ ထုတ်ပြန်ချက်ထဲ တင်းမာတာတွေကို ချက်ချင်းလျော့ကျစေဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းထားကာ အရပ်သားတွေကို တိုက်ပွဲတွေထဲ ပါဝင်စေတာနဲ့ အဓမ္မစစ်မှုထမ်းတာတို့အတွက် အလွန်စိုးရိမ်မိတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး နိုင်ငံရေးပါတီတွေအားလုံး ကြိုတင်ပါဝင်ဆွေးနွေးနိုင်မှုမရှိသလို လူထုထောက်ခံမှုကင်းမဲ့တဲ့ ရွေးကောက်ပွဲတွေဟာ အကြမ်းဖက်တာနဲ့ မတည်မငြိမ်တာတွေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

EU အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် (၁၀၆)ဦးနဲ့ ဌာနအဖွဲ့အစည်း (၂၂)ခုကို ပိတ်ဆို့အရေးယူခဲ့ပြီး ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေအတွက် တာဝန်ရှိသူတွေကို နောက်ထပ်ပိတ်ဆို့အရေးယူဖို့ အသင့်ရှိတယ်လို့လဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် EU အနေနဲ့ ဒီမိုကရေစီရရှိဖို့၊ လူ့အခွင့်အရေးရရှိဖို့၊ တာဝန်ယူမှု တာဝန်ခံမှုရှိပြီး ငြိမ်းချမ်းတဲ့အနာဂတ်အတွက် ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပံ့ပိုးပေးသွားမယ်လို့ ထပ်မံအတည်ပြု‌ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 25 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 29 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 31 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 42 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 47 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 45 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 28 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 47 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့