နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီကနေ့ အကျဉ်းသား (၅၈၀၀)ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

စစ်ကောင်စီရဲ့လွတ်ငြိမ်းထဲ နိုင်/ကျဉ်း အနည်းငယ်သာပါဝင်လာ

ဇန်နဝါရီလ (၄)ရက်။

ဒီကနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၅၈၆၄)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ(၁)အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်လို့ ‌ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့အထဲ ထောင်ဒဏ်တစ်သက် ကျခံနေရသူ (၁၄၄)ဦးကို (၁၅)နှစ်သို့ ပြောင်းလဲခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၈၀)ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

“ ဒီကနေ့ စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းထဲ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ပါဝင်တာ နည်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာနဲ့ပတ်သက်ပြီး စာရင်းတွေထုတ်ပြန်သွားမှာပါ” လို့ PPNM က ပြောပါတယ်။

ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ထဲ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းငယ်သာပါဝင်ကာ လွတ်မြောက်လာတာနဲ့ပတ်သက်ပြီး ကနဦးစာရင်းတွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လက်နက်မှု၊ လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲမှု၊ အဂတိမှု၊ မူးယစ်မှုနဲ့ သဘာဝဘေးအမှုအပါအဝင် အကြမ်းဖက်မှုတို့ကလွဲပြီး ကျန်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ် (၆)ပုံ (၁)ပုံကို လျှော့ပေါ့ပေးခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့အထဲ ရန်ကုန်တိုင်းထဲရှိ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား (၁၂၆၀)ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီဇင်ဘာလထဲ စစ်ကောင်စီတပ်သားနဲ့ ရဲ (၂၈)ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 6 Views
ဇန်နဝါရီလ (၆)ရက်။ ၂၀၂၄ခုနှစ် ဒီဇင်ဘာလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ ရဲ (၂၈)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့
မြန်မာသတင်း

ဝက်လက်မှာ အင်အား (၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးကာ (၃)ဦးဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 7 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီရဲ့ အင်အား (၇၀)ခန့်ပါတဲ့ တပ်မ(၃၃)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် (၄၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 7 Views
ဇန်နဝါရီလ (၆)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စကစစခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး
မြန်မာသတင်း

ရန်ကုန်မှာ စစ်တပ်အရာရှိတစ်ဦးကို ပစ်ခတ်ခဲ့သူတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 7 Views
ဇန်နဝါရီလ (၆)ရက်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့မှာ စစ်တပ်အရာရှိတစ်ဦးကို ပစ်ခတ်ခဲ့တဲ့ Together Urban Force အဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့သူတွေဟာ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ နိုင်ဝင်းလတ်၊ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ ခင်ယုဆွေ၊
မြန်မာသတင်း

ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းဖို့ မြိုင်ပကဖ သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 16 Views
ဇန်နဝါရီလ (၅)ရက်။ ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်နဲ့ ခဲယမ်းတွေ မရောင်းချဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ တော်လှန်ရေးကာလထဲ ရရှိပိုင်ဆိုင်ထားတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေဟာ ပြည်သူတွေရဲ့ ချွေးနည်းစာကနေ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

ယုန်လေးအိမ်အနီး ပေါက်ကွဲတာနဲ့ အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ခဲ့သူတွေဆိုပြီး (၈)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 9 Views
ဇန်နဝါရီလ (၅)ရက်။ စမ်းချောင်းမြို့က ယုန်လေးအိမ်အနီး ပေါက်ကွဲတာအပါအဝင် ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ခဲ့သူတွေဆိုပြီး (၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှယ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အင်းစိန်နဲ့ လှိုင်သာယာအနောက်ပိုင်းမြို့တို့က ရာအိမ်မှူးတစ်ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယားကို
မြန်မာသတင်း

PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့် MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 12 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့မှာ PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့်(ပထမမူ)ကို MOD က ကနဦးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်ထဲ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ တပ်ရင်းတွေ စံပြုဖွဲ့စည်းပုံနဲ့ တာဝန်တ္တရားတွေ စတဲ့ကဏ္ဍတွေပါဝင်တဲ့ (၇)ခုကို
မြန်မာသတင်း

လက်တစ်ဆုပ်စာ လူတစုရဲ့အကျိုးကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 10 Views
ဇန်နဝါရီလ (၅)ရက်။ ပြည်နယ်အရေး၊ လူတစုအရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးအတ္တကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆုံးရှုံးနစ်နာတာတွေ မဖြစ်ရအောင် လိုအပ်တဲ့