နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ (၂၇၀)ကျော် စင်္ကာပူနိုင်ငံသားအနေနဲ့ ပြောင်းလဲခံယူခဲ့တယ်လို့ စစ်ကောင်စီပြော

ဖေဖော်ဝါရီလ (၃)ရက်။

မြန်မာနိုင်ငံသား (၂၇၈)ဦး စင်္ကာပူနိုင်ငံသားအနေနဲ့ ပြောင်းလဲခံယူခဲ့တယ်လို့ စစ်ကောင်စီသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စင်္ကာပူနိုင်ငံသားတွေအနေနဲ့ ပြောင်းလဲခံယူခဲ့သူတွေဟာ ၂၀၂၄ခုနှစ်ထဲ စစ်ကောင်စီသံရုံးကို မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း(မှတ်ပုံတင်) လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံသားပြောင်းလဲခံယူသူတွေ သံရုံးထောက်ခံစာကို ဖေဖော်ဝါရီလ (၂၈)ရက်နေ့မတိုင်မီ သံရုံးရဲ့ ရုံးဖွင့်ရက်တွေမှာ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။

သံရုံးထောက်ခံစာ ထုတ်ယူတဲ့အခါ မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနဲ့ Processing Letter မူရင်းတို့ကို တပါထဲ ပြန်လည်အပ်နှံရမယ်လို့လဲ ပြောဆိုထားပါတယ်။

အခုလို မြန်မာနိုင်သားအဖြစ်ကနေ စင်္ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူတာတွေဟာ အရင်ကလဲရှိခဲ့ဖူးပေမယ့် စစ်ကောင်စီလက်ထက်ဖြစ်တဲ့ အခုအကြိမ်မှာ‌တော့ ပိုမိုများပြားလာခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘယ်အာဏာရှင်မှ ခေါင်းထောင်မလာနိုင်အောင် အတူတိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 1 Views
မတ်လ (၁၃)ရက်။ မြန်မာနိုင်ငံမှာ ဘယ်အာဏာရှင်မှ ခေါင်းထောင်မလာနိုင်အောင် အတူတကွ တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ကိုဖုန်းမော်နဲ့
မြန်မာသတင်း

စစ်မျက်နှာအလိုက် ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ NUG ကာကွယ်ရေးဝန်ကြီးပြော

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 1 Views
မတ်လ (၁၃)ရက်။ စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပ်မှူးသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း အရှေ့တောင်အာရှ

ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 10 Views
မတ်လ (၁၃)ရက်။ ထိုင်းနိုင်ငံ Nareasuan University က ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ထားဆောင်ဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂုဏ်ပြုဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားကို မတ်လ (၁၁)ရက်နေ့က ပြုလုပ်ခဲ့ပြီး
မြန်မာသတင်း

ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေ လက်တွဲဆောင်ရွက်ဖို့ NUG ဖိတ်ခေါ်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
မတ်လ (၁၃)ရက်။ ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေအနေနဲ့ လက်တွဲဆောင်ရွက်ဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတွေဟာ နိုင်ငံရေးလောကဓံပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို
မြန်မာသတင်း

စစ်ကောင်စီလက်ထက် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု (၄၆၀)ကြိမ်အထိရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 6 Views
မတ်လ (၁၃)ရက်။ စစ်ကောင်စီလက်ထက် တနိုင်ငံလုံးမှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်တဲ့ အကြိမ်ရေ (၄၆၀)ကြိမ်အထိ ရှိခဲ့တယ်လို့ အသံ-Athan ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ မတရားအာဏာလုယူတဲ့ (၄)နှစ်တာကာလထဲ တနိုင်ငံလုံးအတိုင်းအတအနေနဲ့ မြို့နယ်ပေါင်း (၂၀၃)မြို့နယ်မှာ
မြန်မာသတင်း

အိန္ဒိယအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်ဖို့ဆိုပြီး စစ်ကောင်စီသတိပေး

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 4 Views
မတ်လ (၁၃)ရက်။ အိန္ဒိယနိုင်ငံက နိုင်ငံရေးသမား‌တွေအနေနဲ့ နိုင်ငံရေးလိုဘ တခုထဲကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တမူး-ကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်တဦးက သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်လို့ ပြောခဲ့တဲ့အပေါ်
မြန်မာသတင်း

တောင်သာမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 18 Views
မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တောင်သာမြို့ အေးကျင်းရွာကို စစ်ကောင်စီက လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဈိုချက်တွေအရ စိရပါတယ်။ “ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်လောက် စကစက
မြန်မာသတင်း

ဒီမော့ဆိုမြို့ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံး(၁၅)လုံးထက်မနည်း ကြဲချခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
မတ်လ (၁၂)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် ဒီမော့ဆိုမြို့နယ်ထဲရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၅)လုံးထက်မနည်း ကြဲချခဲ့တယ်လို့ CTER-Karenni ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည