နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူမှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ဖေဖော်ဝါရီလ (၃)ရက်။

ပခုက္ကူမြို့မှာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Burma Revolution Danger ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အလင်းဝင်လာသူဟာ ပခုက္ကူမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁)လက်အောက်ခံ ခလရ(၂၅၂)က မောင်ဝင်းဆန်းထွန်း ကိုယ်ပိုင်အမှတ်(ပစ-၁၂၇၈၀၆)ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းအချိန်က စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဖေဖော်ဝါရီလ (၁)ရက်မှာ Burma Revolution Danger တပ်ဖွဲ့ထံ ခိုလှုံလာခဲ့တာလို့ သိရပါတယ်။

တပ်သား မောင်ဝင်းဆန်းထွန်းဟာ သူနဲ့အတူ MA-1 တစ်လက်၊ MA-2 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ 5.56 ကျည် (၁၂၀)တောင့်တို့ကို ယူဆောင်ပြီး ခိုလှုံလာခဲ့တာလို့ ပြောဆိုထားပါတယ်။

အခုလို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားကို ဆုငွေ ကျပ်သိန်း(၁၀၀)အပြင် Redmi Note 13Pro တစ်လုံး ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်က အရာရှိအရာခံဗိုလ်တွေ၊ တပ်သားတွေနဲ့ ပျူစောထီးတွေအနေနဲ့ အမြင်မှန်ရကြပြီး အကြမ်းဖက်စစ်တပ်လက်အောက်မှာ မနေဘဲ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မဲပလီစခန်းက ထွက်ပြေးနေတဲ့ စစ်ကောင်စီဗျူဟာမှူးအပါအဝင် (၂၀)ခန့်ကို လိုက်လံချေမှုန်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၃)ရက်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကနေ ထွက်ပြေးနေတဲ့ ဗျူဟာမှူးအပါအဝင် အင်အား (၂၀)ခန့်ကို လိုက်လံချေမှုန်းနေတယ်လို့ နဂါးဖြူစစ်ကြောင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်အုပ်စုရွေးကောက်ပွဲ နိုင်ငံကိုပြိုကွဲစေတယ်လို့ NUG၊ NUCC၊ NLD၊ CRPH နဲ့ ချင်းညီနောင်တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၃)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲက မြန်မာနိုင်ငံကို ပြိုကွဲစေပြီး ပဋိပက္ခတွေ တိုးပွားလာစေမှာဖြစ်တယ်လို့ NUG၊ NUCC၊ NLD၊ CRPH
မြန်မာသတင်း

မြန်မာ (၂၇၀)ကျော် စင်္ကာပူနိုင်ငံသားအနေနဲ့ ပြောင်းလဲခံယူခဲ့တယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၃)ရက်။ မြန်မာနိုင်ငံသား (၂၇၈)ဦး စင်္ကာပူနိုင်ငံသားအနေနဲ့ ပြောင်းလဲခံယူခဲ့တယ်လို့ စစ်ကောင်စီသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စင်္ကာပူနိုင်ငံသားတွေအနေနဲ့ ပြောင်းလဲခံယူခဲ့သူတွေဟာ ၂၀၂၄ခုနှစ်ထဲ စစ်ကောင်စီသံရုံးကို မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း(မှတ်ပုံတင်) လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံသားပြောင်းလဲခံယူသူတွေ သံရုံးထောက်ခံစာကို
မြန်မာသတင်း

မဲဇာလီရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၃)ရက်။ ဇန်နဝါရီလ (၃၁)ရက်နေ့က ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲဇလီရဲစခန်းကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပွင့်ဖြူမြို့ မဲဇလီရဲစခန်းကို
မြန်မာသတင်း

တရုတ်လူမျိုး သောင်းနဲ့ချီဝင်လာတဲ့ ဘုရားသုံးဆူမြို ရွှေကုက္ကိုလ်လိုမျိုး ဖြစ်လာနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၃)ရက်။ စည်ကားလာတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်ရှိ ဘုရားသုံးဆူမြိုဟာ ကျားဖြန့်အပါအဝင် ဒုစရိုက်လုပ်ငန်းမျိုးစုံနဲ့ နာမည်ကြီးနေတဲ့ ရွှေကုက္ကိုလ်လိုမျိုး ဖြစ်လာနိုင်တယ်လို သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခု ဘုရားသုံးဆူမှာ တရုတ်တွေ ဝင်လာတာရှိတယ်။ သူတိုတွေက လိုင်စင်မဲ့ကားကောင်းကောင်းတွေကို
မြန်မာသတင်း

ရေဦးမြို့ပေါ်မှာ PDF နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးတာတွေပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၃)ရက်။ အခုရက်ပိုင်းကစပြီး ရေဦးမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ ပြည်သူတွေကို PDF တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ (၁)ရက်နေ့ကစပြီး စစ်ခွေးအုပ်စုက မြို့ပေါ်က ရပ်ကွက်တွေမှာ ပြည်သူတွေကို PDF
မြန်မာသတင်း

ဘုတလင်မှာ စစ်ကောင်စီဒရုန်းကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၃)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က ဘုတလင်မြို့အနီး စိမ့်တောတောရဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ်ပကဖ လက်ရုံးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီနေ့ ညနေပိုင်းက ဘုတလင်မြို့ပေါ် စစ်ခွေးတွေ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရက်အတွင်း ရှောင်ရှားကြဖို့ ကရင်နီတပ်ပေါင်းစု ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂)ရက်။ ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရင်အတွင်း ရှောင်ရှားကြဖို့ KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘောလခဲမြို့ထဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာနဲ့ ရိက္ခာဆေးဝါးတွေ ဖြည့်တင်းတာတွေ နေ့တိုင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။