နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရွေးကောက်ပွဲ နိုင်ငံကိုပြိုကွဲစေတယ်လို့ NUG၊ NUCC၊ NLD၊ CRPH နဲ့ ချင်းညီနောင်တို့ ပူးတွဲထုတ်ပြန်

ဖေဖော်ဝါရီလ (၃)ရက်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲက မြန်မာနိုင်ငံကို ပြိုကွဲစေပြီး ပဋိပက္ခတွေ တိုးပွားလာစေမှာဖြစ်တယ်လို့ NUG၊ NUCC၊ NLD၊ CRPH နဲ့ ချင်းညီနောင်(CB)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ထဲ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိတဲ့အပြင် အခု နိုင်ငံရေးအခြေအနေက ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမဟုတ်ဘဲ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကြောင့် ဒေသထဲ မတည်ငြိမ်တယတွေ ပိုမိုပေါ်ပေါက်လာစေမှာဖြစ်တဲ့အတွက် ပြည်သူနဲ့ နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းပါဝင်တာ၊ ပံ့ပိုးကူညီတာနဲ့ အသိအမှတ်ပြုတာတွေ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဟာ နိုင်ငံရဲ့ လက်ရှိပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အလွန်အရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ပူးတွဲထုတ်ပြန်ချက်ထဲ စစ်အာဏာသိမ်းတာကို ဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာ အဆုံးသတ်ဖို့၊ ၂၀၀၈ခြေ/ဥ ဖျက်သိမ်းဖို့၊ သက်ဆိုင်တဲ့ အစုအဖွဲ့တွေ လက်ခံတဲ့ အခြေခံဥပဒေရေးဆွဲဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ဖို့ဆိုတဲ့ နိုင်ငံရေးဦးတည်ချက် (၆)ရပ်ကို ချမှတ်ထားပါတယ်။

 ဒ့ါအပြင် အသွင်ကူးပြောင်းရေးကာမှာ ပြည်သူရဲ့ဆန္ဒကို အခြေခံပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်းဆောင်ရွက်ကာ ဘယ်လိုအငြင်းပွားတာတွေမဆို မိတ်ဖက်ပဋိပက္ခတွေအနေနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ မှတ်ယူဖြေရှင်းသွားမယ်လို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံပြိုကွဲစေဖို့ တွန်းပို့နေတဲ့ အဓိကတရားခံဖြစ်ကာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မဖြစ်မနေ တာဝန်ခံရမှာဖြစ်တာကြောင့် တပ်မတော်သားတွေအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ပေါ်ထွန်းဖို့ ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအနေနဲ့လဲ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကုစားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ ထိရောင်တဲ့ အကူအညီတွေ ပေးဖို့အပါအဝင် စစ်အုပ်စုကို အသိအမှတ်ပြု ဆက်ဆံတာကို ရပ်တန့်ဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။

တော်လှန်ရေးအင်အားသုတွေအနေနဲ့ ပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့အတွက် စည်းလုံးညီညွတ်စွာနဲ့ အတူဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 26 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 29 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 31 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 42 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 47 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 45 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 47 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့