နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘန်ကောက်မှာ “ လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” ဆိုတဲ့ စာတန်းချိတ်ဆွဲ ဆန္ဒပြ

ဧပြီလ (၄)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျောက်ဖရားမြစ်ပေါ်က တံတားတစင်းမှာ “ လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” ဆိုတဲ့ စာတန်းချိတ်ဆွဲ ဆန္ဒပြတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဖိတ်ကြားတာကြောင့်ဆိုပြီး ဘင်းစတက်ထိပ်သီးညီလာခံ တက်ရောက်ဖို့ မနေ့က ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။

မနေ့က ညပိုင်းအချိန်မှာလဲ ဘင်းစတက်အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်က အဖွဲ့ဝင်နိုင်ငံတွေကို တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲမှာ စစ်ခေါင်းဆောင်လဲ တက်ရောက်ခဲ့ပါတယ်။

ဒါ့ကြောင့် ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် တည်းခိုတဲ့ ရှန်ဂရီလာဟိုတယ်နဲ့ မနီးမဝေးက တံတားတစင်းမှာ “ We do not welcome Murderer Min Aung Hlaing” ဆိုတဲ့ စာတန်းကို ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြတာပါ။

နောက်ပြီး စစ်ခေါင်းဆောင်ကို ဆန္ဒပြကြဖို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေကို ဒီကနေ့မှာ အလုပ်မဆင်းဖို့နဲ့ အနတ်ရောင်အသုံးအဆောင်တခုခု ဝတ်ဆင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက မနေ့က တိုက်တွန်းထားကြပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်းစတက်ထိပ်သီးညီလာခံကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့အပေါ် ထိုင်းလွှတ်တော်ထဲ မေးခွန်းထုတ် ကန့်ကွက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 20 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 23 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 34 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ
မြန်မာသတင်း

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး ကြဲချ၊ ပြည်သူ (၈)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 38 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း ရွှေကူရပ်ကွက် လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို
မြန်မာသတင်း

ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်က စစ်ကော်မရှင်ကိုပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 34 Views
ဩဂုတ်လ (၁၅)ရက်။ ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ မနေ့က ယူနန်ပြည်နယ် အန်းနင်မြို့မှာ စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ (၁၀)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရ၊ ကျူးလွန်သူတစ်ဦးကို သေနတ်နဲ့အတူ ဖမ်းမိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 24 Views
ဩဂုတ်လ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကားတွေ ဆိုင်ကယ်တွေနဲ့ ရွှေဆိုင်ကိုလာပြီး ဓါးပြတိုက်တာ။ ဓါးပြတိုက်ခံရတဲ့ ရွှေစင်ရွှေဆိုင်ကလဲ ဦးဝိစာရလမ်းပေါ်မှာရှိတာ၊
မြန်မာသတင်း

ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 32 Views
ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ ဘုရားသုံးဆူဒေသမှာ၁၉၈၇ခုနှစ်လောက်ကစပြီးသီတင်းသုံးနေတဲ့ဆရာတော်အရှင်ဥာဏောဘာသရဲ့ပရဟိတ္တလုပ်ငန်းကနေစစ်ရှောင်ပြည်သူတွေကို ပါးစပ်ကမဟုတ် လက်တွေ့ကူညီ နေပုံတွေကိုကြည်နူးဝမ်းမြောက်စရာသာဓုခေါ်နိုင်ကြစေရန်တင်ပြပေးထားပါတယ် ဆရာတော်ဟာလူမျိုးဘာသာ အယုတ်အလတ် အမြတ်မ‌ရွေးကူညီနေတာကြောင့် ထိုင်းနိုင်ငံသားများကပါ လာရောက်လှူဒါန်းကြသလို လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကလည်း ဆရာတော်ရဲ့မေတ္တာရိပ်မှာ ခိုလှုံကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 33 Views
ဩဂုတ်လ (၁၄)ရက်။ မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၁၁)နာရီမှာ