ဇန်နဝါရီလ (၅)ရက်။
မနေ့က ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့မှာ PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့်(ပထမမူ)ကို MOD က ကနဦးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီအမိန့်ထဲ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ တပ်ရင်းတွေ စံပြုဖွဲ့စည်းပုံနဲ့ တာဝန်တ္တရားတွေ စတဲ့ကဏ္ဍတွေပါဝင်တဲ့ (၇)ခုကို ဖော်ပြထားပါတယ်။
PDF တပ်ရင်းတွေအားလုံးအနေနဲ့ အဲ့ဒီတပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ ကျင့်သုံးဆောင်ရွက်သွားရမယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစံပြုတည်မြဲအမိန့်ကို PDF ရဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ လာမယ့် မေလ (၅)ရက်နေ့မှာ အတည်ပြုထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။
MOD က ကနဦးထုတ်ပြန်ထားတဲ့ စံပြုတည်မြဲအမိန့်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိသေးဘူးလို့ သိရပါတယ်။