ဇန်နဝါရီလ (၆)ရက်။
ဒီဇင်ဘာလ (၂၃)ရက်နေ့က လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စကစစခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ပျူစောထီးနဲ့ စကစတပ်သား (၄၀)ကျော် သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
ကျောက်နီမော်ရွာထဲက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ စခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ပြီး ခမရ(၄၀၅)တပ်ရင်းရဲ့ တပ်ရင်းမှူးအပါအဝင် ပျုစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ ခမရ(၄၀၃)တပ်ရင်းရဲ့ တပ်ရင်းမှူးအပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို ထားဝယ်တပ်ပေါင်းစုဘက်က ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ (၂၇)ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အင်အားအလွန်အကျွံသုံးကာ ခုခံတဲ့အတွက် ထားဝယ်တပ်ပေါင်းစုအနေနဲ့ ခွာစစ်ပြုခဲ့ရတယ်လို့လဲ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ဦးဆောင်ပြီး ဒေါနစစ်ကြောင်း တပ်ခွဲ (၇)၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊ နွေဦးပျောက်ကြားတပ်ဖွဲ့နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။