နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗန်းမော်မြို့ မကျစေဖို့ စစ်‌ကောင်စီက အပြင်းအထန် ခုခံနေပြီး အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိ

ဇန်နဝါရီလ (၆)ရက်။

ဗန်းမော်မြို့ လက်မလွှတ်ရစေဖို့ စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေကာ နေအိမ်နဲ့ အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဗန်းမော်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသာစီးတိုက်ခိုက်နေတာပါ။ စခတွေဘက်က မြို့ကို လက်မလွှတ်ရဖို့ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတာကြောင့် နေအိမ်နဲ့ အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိနေတယ်” လို့ ဆိုပါတယ်။

ဗန်းမော်တိုက်ပွဲ (၁)လကျော်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ ကာကင်းစခန်း အများအပြားအပါအဝင် တပ်စွဲထားတဲ့ နည်းပညာတက္ကသိုလ်၊ ရဲစခန်း၊ စရဖရုံးနဲ့ ထွေ/အုပ်ရုံးတို့ကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

နောက်ပြီး စစ်ကောင်စီရဲ့ စကခ(၂၁)အနီးဝင်းကျင်က ကာကင်းစခန်းတွေ ကျန်ရှိနေသေးတာကြောင့် အနီးနားရှိ ရပ်ကွက်တွေအပါအဝင် ဗန်းမော်တက္ကသိုလ်အနီးမှာလဲ တိုက်ပွဲ‌တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လဲ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် မန်စီမြို့ဘက်မှာလဲ စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ကာ တော်လှန်ရေးတပ်တွေဘက်က ထိုးစစ်အရှိန်မြှင့်မယ်လို့ ကြားသိရတာကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။

ဗန်းမော်နဲ့ မန်စီမြို့ တိုက်ပွဲ (၁)လကျော်ကာလထဲ ဒီကနေ့အထိ အရပ်သားပြည်သူ (၁၅၀)ခန့် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူဦးရေ ပိုမိုများပြားလာကာ မြို့ထဲ သောင်းဂဏန်းခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

လေကြောင်းဗုံးကြဲခံရတဲ့ ဗန်းမော်မြို့ရှိ Win Light Hotel နဲ့
သိမ်တော်ကြီး (၄)ထပ်ကျောင်းဆောင်ကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 8 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 16 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့
မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 17 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့ စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည်
မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့