နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

မင်းပြားမှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိထားတယ်လို့ AA ထုတ်ပြန်

ဇွန်လ (၆)ရက်။

မင်းပြားမြို့ ဖားပြိုရွာမှာ (၉)နှစ်အရွယ်ရှိ မအိအိဆန်းကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယတရားခံ (၈)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအမှုဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းမှာ (ပ)၆၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၇၆)နဲ့ အမှုဖွင့်ခဲ့ပြီး သံသယတရားခံ (၈)ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLEPS)က ဖော်ထုတ်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေလို့ သံသယရှိတဲ့ တရားခံတွေကို တရားစွဲတင် ပြစ်ဒဏ်ပေးနိုင်ဖို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့တဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကို အထူး ကျေးဇူးတင်ဂုဏ်ပြုတယ်လို့လဲ ပြောဆိုထားပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မေလ (၆)ရက်နေ့က ဖားပြိုကျေးရွာနေ အသက် (၉)နှစ်အရွယ် မအိအိစန်းဟာ အိမ်သာတက်ဖို့သွားချိန် အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရပြီး သစ်ပင်မှာ ကြိုးဆွဲချ အဆုံးစီရင်တဲ့ပုံစံ ပြုလုပ်ခဲ့တာပါ။

ကျူးလွန်ခံရသူဟာ မုဒိန်းကျင့် နှိပ်စက်တာကြောင့် မသေဆုံးဘဲ သစ်ပင်မှာ ကြိုးနဲ့ဆွဲချတာကြောင့် လည်ပင်းရိုးကျိုးကာ သေဆုံးခဲ့တာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 47 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 74 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပဲခူးရှိ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 84 Views
အောက်တိုဘာလ (၁၆)ရက်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာအနီးက စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းဟာ ပန်းကန်ကွဲရွာရဲ့ တောင်ဘက် (၉)ကီလိုမီတာအကွာမှာရှိပြီး ‌AA က
၁၁၁၃ ရခိုင်စစ်ပွဲ

ပသုံးလုံးက ပြည်သူကို ဓားနဲ့ပိုင်း၊

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 325 Views
တီမောက NUG ကို ကျောခိုင်း၊  AA က ARSA ကို အနိုင်ပိုင်း အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃) ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့ ၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက်ကို ပကဖနဲ့ ပအဖ
၁၁၁၃ ရခိုင်စစ်ပွဲ

အလင်းဝင်ဘက်ပြောင်းချင်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 922 Views
ဇူလိုင်လ (၁၅)ရက်။ စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာပြည်အနှံက လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကို ခံရပြီး အမျိုးမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ကိုပို့မယ့် (၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 934 Views
ဇွန်လ (၁၃)ရက်။ ရခိုင်ကိုပို့မယ့် (၈)ဒသမ(၁၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်းကျော်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ သံတွဲမြို့က နေရာ (၃)ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂)နှစ်အရွယ်အပါအဝင် စစ်ရှောင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 974 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ည (၁၀)နာရီကျော်အချိန်မှာ သံတွဲမြို့က
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 973 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ