နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို စစ်ရှုံးနိမ့်စေခြင်းကို လက်မခံနိုင်ဟု EU ကို တရုတ်ပြော။

CNN —၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ရက်

ရုရှားစစ်ရှုံးသွားလျှင် အမေရိကန်က တရုတ်နိုင်ငံကို အပြည့်အဝ အာရုံစိုက် စေနိုင် သောကြောင့် ယူကရိန်းနှင့်စစ်ပွဲတွင် ရုရှားအနေနှင့် စစ်ရှုံးသွားမည်ကို ဘေဂျင်းက လက်ခံနိုင်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) က ဥရောပသမဂ္ဂထိပ်တန်းသံတမန် နှင့် ဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားခဲ့ခြင်းသည် မူလက ပဋိပက္ခတွင် ဘေဂျင်း၏ ကြားနေရေးမူဝါဒ သဘောထားကို ဆန့်ကျင်လျက်ရှိခဲ့သည်။

“ဆိုက်ဘာလုံခြုံရေး၊ မြေရှားသတ္ထု၊ ကုန်သွယ်ရေးမညီမျှမှု၊ ထိုင်ဝမ်နှင့် အရှေ့အလယ်ပိုင်း တို့မှ ပြဿနာများစွာကိုကျယ်ပြန့်စွာ ဆွေးနွေးခဲ့ရာတွင် အ‌ခြေအတင်ခက်ခဲသော်လည်း အပြန်အလှန်လေးစားမှုဖြင့်ဆွေးနွေးခဲ့ကြသည်။ ဘရပ်ဆဲလ်တွင် အီးယူ နိုင်ငံခြားရေး အကြီးအကဲ ကာဂျာ ကောလ်လတ်စ်(Kaja Kallas) နှင့် လေးနာရီကြာ တွေ့ဆုံစဉ် ၀န်ခံချက်ပြောကြားလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းစစ်ပွဲကို ကြာရှည်ကြာအောင် ထားလိုကြောင်း ဝမ် ၏ ပုဂ္ဂိုလ်ရေး မှတ်ချက်များက ပြသနေပြီးအမေရိကန်ကိုယူကရိန်းစစ်ပွဲတွင် အလုပ်များနေစေပြီး တရုတ်နှင့် ယှဉ်ပြိုင်ရန် အာရုံမစိုက် နိုင်တော့ကြောင်း အရာရှိက ပြောကြားခဲ့သည်။

ပေကျင်းသည် ယူကရိန်းပဋိပက္ခတွင် ဘက်မလိုက်သော ရပ်တည်ချက်ထက် ပထဝီဝင် နိုင်ငံရေး အရ ပိုမိုပါဝင်ပတ်သက်နေသည်ဟူသော တရုတ်၏မူဝါဒကို ဝေဖန်သူများ၏ စိုးရိမ်မှုများကို ထပ်လောင်းသတိပေးထားသည်။

သောကြာနေ့တွင်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန် ရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာအိုနင်း (Mao Ning) အား South China Morning Post တွင် ပထမဆုံး အစီရင်ခံခဲ့သည့် ဆွေးနွေးဖလှယ်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ပြီး သုံးနှစ်ကြာ စစ်ပွဲနှင့် ပတ်သက်၍ ပေကျင်း၏ ကာလကြာရှည် ရပ်တည်ချက်ကို ပြန်လည် အတည်ပြုခဲ့သည်။

“တရုတ်ဟာ ယူကရိန်းအရေးမှာပါဝင်နေတာမဟုတ်ပါဘူး” ဟု မော်က ပြောကြားခဲ့သည်။ “ ယူကရိန်းအကျပ်အတည်းနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်က ဦးတည်ချက်ရှိပြီး တသမတ်တည်းပါပဲ၊ ဆိုလိုတာက စေ့စပ်ညှိနှိုင်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး၊ ပဲဖြစ်ပါတယ်၊ တာရှည်ယူကရိန်းအကျပ်အတည်းက ဘယ်သူ့ကိုမှ အကျိုးစီးပွားကို မပေးပါဘူး” ဟုသူမကဆိုခဲ့သည်။

“နိုင်ငံတကာ အသိုက်အဝန်းနဲ့ သက်ဆိုင်ရာ သက်ဆိုင်သူတွေရဲ့ ဆန္ဒအရ တရုတ်နိုင်ငံက နိုင်ငံရေးအရ ပြေလည်မှု အမြန်ဆုံး ရလိုကြောင်းတရုတ်သည် အပြုသဘောဆောင်သော နေရာမှနေပြီး ဆုံးခန်းတိုင်သည်အထိပါဝင်ဆောင်ရွက်သွားမည် ဟု သူမက ဆက်လက် ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်တွေဟာ ပိုပြီး ရှုပ်ထွေးတဲ့ ပုံရိပ်ကို ဖုံးကွယ်ထားပါတယ်။

ရုရှားက ယူကရိန်းကို အပြည့်အ၀ကျူးကျော်မှု မစတင်မီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က မော်စကိုအားတရုတ်၏ “အကန့်အသတ်မရှိ” မိတ်ဖက်အဖြစ် ကြေညာခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ကိုပိုမိုအားကောင်းစေခဲ့သည်။

တရုတ်နိုင်ငံသည် သူ့အနေနှင့် ဖြစ်နိုင်ချေရှိသော ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ဖော်ဆောင်ထားသော်လည်း CNN က ယခင်က အစီရင်ခံတင်ပြထားချက်တွင် ပေကျင်းအတွက် အဓိကလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့်ရုရှားကို ဆုံးရှုံးသွားလျှင် စီးပွားရေး၊ လုံခြုံရေး အစုရှယ်ယာဆုံးရှုံးမှုများမြင့်မားဖွယ်ရှိနေခဲ့သည်။

ရုရှားကို စစ်ရေးအရ အထောက်အပံ့ ပေးနေသည်ဟု တိုးများလာသော စွပ်စွဲချက် များကိုလည်း တရုတ်က ပယ်ချခဲ့သည်။ ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုရန်အတွက် ရုရှားဒရုန်းအစိတ်အပိုင်းများနှင့် နည်းပညာများကို ပံ့ပိုးပေးသည့်အတွက် တရုတ် ကုမ္ပဏီများကို ယူကရိန်းကဒဏ်ခတ်အရေးယူခဲ့သည်။

ယူကရိန်းမြို့တော် ကိယက်ဗ်ကို သောကြာနေ့က စံချိန်တင် ရုရှားကချေမှုန်းတိုက်ခိုက် ပြီးနောက် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရီ ဆိုင်ဘီဟာ(Andrii Sybiha) က ရုရှားက ပစ်လွှတ်လိုက်သည့် Geran 2 တိုက်ခိုက်ရေးဒရုန်းရဲ့ အပိုင်းအစတွေလို့ ပြောသည့် ဓာတ်ပုံများကို တင်ခဲ့သည်။ ဓာတ်ပုံတစ်ပုံတွင် ဒရုန်း၏ကိုယ်ထည်အစိတ်အပိုင်းတွင် ဇွန် ၂၀ ရက်က တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သည်ဟု ဆိုထားသည့် ဒရုန်းယာဉ်ကိုယ်ထည်၏ အစိတ် အပိုင်းကို ပြသထားသည်။

ဆိုင်ဘီဟာ က ထိုညတွင် ” မြို့တော်ကို ရုရှား၏တိုက်ခိုက်မှုကြောင့် အိုဒစ်ဆာမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်၏ အဆောက်အဦသည် အနည်းငယ် ပျက်စီးခဲ့ရသည်ဟုဆိုသည်။ ပူတင်သည် မြောက်ကိုရီးယားတပ်များ၊ အီရန်လက်နက်များနှင့် တရုတ်ထုတ်လုပ်သူအချို့တို့ ၏အကူအညီကိုရယူ၍ ၎င်း၏စစ်ပွဲနှင့် အကြမ်းဖက်မှုကို ဆက်လက်တိုးမြင့်လာပုံအတွက် ပိုမိုကောင်းမွန်သည့် ဥပမာတစ်ခုမျှပေးရန် မရှိပါ” ဟုဆိုခဲ့သည်။

ယူကရိန်းမှာ တရုတ် နိုင်ငံသားတွေ ရုရှားနဲ့ တိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဒီနှစ်မှာလည်း တွေ့ခဲ့ရသည်။ ဘေဂျင်းသည် မည်သည့် ပတ်သက်မှုမျှ မရှိကြောင်း ငြင်းဆို ခဲ့ပြီး “မည်သည့် ပါတီ၏ စစ်ရေး လှုပ်ရှားမှုများတွင်မဆို ပါဝင်ခြင်းမှ ရှောင်ကြဉ်ရန်” တရုတ် နိုင်ငံသားများအား ယခင် တောင်းဆိုချက် များအတိုင်း ထပ်ခါတလဲလဲ တောင်းဆို ခဲ့သည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ရိုဟန်း ဝိတ်ပေါလ် (Johann Wadephul) နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ တို့သည် ဘာလင်၌ ဇူလိုင် ၃ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ်။(ဓာတ်ပုံ)

၂၀၂၅ခုနှစ် ဇူလိုင် ၄ ရက်နေ့က ယူကရိန်းတွင် ရုရှားဒရုန်းနှင့် ဒုံးကျည်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကိယက်ဗ်မြို့ပြင်မှ မီးခိုးများကို မြင်တွေ့ရသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ