ဇန်နဝါရီလ (၇)ရက်။
ပြီးခဲ့တဲ့ တစ်နှစ်တာထဲ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ လှူဒါန်းထားတဲ့ ကျပ်(၇.၇)ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူမှပြည်သူသို့ လှူဒါန်းငွေတွေကို နေရပ်စွန့်ခွာသူနဲ့ စစ်ဘေးရှောင်တွေအပါအဝင် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအပြင် သဘာဝဘေးခံစားရသူတွေ၊ ထိခိုက်လွယ်ခံစားရတဲ့ ပြည်သူတွေနဲ့ မိသားစုတွေနဲ့ အထွေထွေ လူသားစာနာမှုအကူအညီတို့လဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလ (၄)နှစ်တာထဲ တော်လှန်ရေး အလျင်အမြန် အောင်မြင်နိုင်ဖို့ကို ရှေးရှုကာ ဘက်ပေါင်းစုံ အကြပ်အတည်းတွေကြားက ကြံ့ကြံ့ခံပြီး ပါဝင်တေယ်လှန်နေသူတွေကို လေးစားဂုဏ်ယူတယ်လို့ ပြောဆိုထားပါတယ်။
ရှေ့ဆက်ပြီးလဲ အခုလို မလျော့တဲ့ဇွဲနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရာမှာ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ဖို့ NUG ရဲ့ လူသားစာနာဝန်ကြီးဌာနက တိုက်တွန်းထားတယ်လို့ သိရပါတယ်။