ဇန်နဝါရီလ (၇)ရက်။
မနေ့က နံနက် (၉)နာရီအချိန် ဆီဆိုင်မြို့ရှိ ထီစုံကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာကို စစ်ကောင်စီက ဒရုန်းသုံးပြီး မီးလောင်ဗုံးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အရပ်သားနေအိမ် (၂)လုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်” လို့ ဆိုပါတယ်။
ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာကို စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ် (၂)လုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ မီးလောင်ဗုံးကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ အရပ်သားနေအိမ်တွေကို PNLA တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နေ့တိုင်း ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာကို ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာကြောင့် အခုအချိန်အထိ နေအိမ် (၂၄)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။