နိုဝင်ဘာလ (၇)ရက်။
စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။
နောက်ပြီး အဲ့ဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာဖြစ်သလို ဥပဒေနဲ့ငြိစွန်းတဲ့ လုပ်ရပ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့နဲ့ ကြိုတင်မဲပေးဖို့ အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်တာတာရှိရင် သက်သေနဲ့တကွ တိုင်ကြားဖို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြစ်မှုထင်ရှားပါက NUG အနေနဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့လဲ ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်ဖို့အတွက် https://t.me/publicnugmohai နဲ့ သိလိုတာတွေ မေးမြန်းဖို့ https://t.me/nugpublicaffairsbot တို့ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
t.me
Ministry of home affairs and immigration
You can contact @publicnugmohai right away.
t.me
NUG Public Affairs – ပြည်သူ့ရေးရာ
You can contact @nugpublicaffairsbot right away.







