နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်းတလည်မှာ PDF တွေကို ဂရုမစိုက်ဘူးလို့ ကြွေးကြော်တဲ့ ရာအိမ်မှူးလင်မယားနှစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဇန်နဝါရီလ (၈)ရက်။

‌မနေ့က နံနက် (၁၀)နာရီကျော်အချိန်က ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာနေ စစ်ကောင်စီလက်ပါးစေ ရာအိမ်မှုးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရေကြည်ကုန်းရွာက ရာအိမ်မှူး ချက်ဖောင်းတို့လင်မယားကို သူ့ရဲ့နေအိမ်အနီး မီးသွေးဖိုနားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ (၂)ဦးစလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရေကြည်ကုန်းရွာနေ ရာအိမ်မှူ ချက်ဖောင်း(ခ)ဇော်မင်းဦးတို့လင်မယားကို PPDF(၃၆၀၁)တပ်ရင်း တပ်ခွဲ(၃)က သူ့ရဲ့နေအိမ်အနီး မီးသွေးဖိုနားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလင်မယားနှစ်ဦးဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ငါအုပ်စုမှာ ဘယ် PDF မှ ဂရုစိုက်စရာမလိုဘူးလို့ ကြွေးကြော်ကာ အုပ်စုထဲ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာနဲ့ လူငယ်တွေရှိတဲ့အိမ်တွေကို ငွေညှစ်တောင်းခံနေတာလို့ ရေးသားထားပါတယ်။

နောက်ပြီး အုပ်စုထဲရှိ ကျေးရွာတွေက ပြည်သူတွေကို ထောက်ပို့/PDF အားပေးတယ်ဆိုပြီး ပေါင်းတလည်ရဲစခန်းကို တိုင်ကြားကာ ဖမ်းဆီးခိုင်းပြီး ငွေနဲ့ပြန်ရွေးခိုင်းသလို အချို့ဟာ ရိုက်နှက်နှိပ်စက်ခံရကာ ထောင်ကျတာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုလဲ ရပ်ရွာထဲ မထင်ရင် မထင်သလို ခြိမ်းခြောက်တာနဲ့ ချက်ဖောင်းတို့လင်မယားကြောင့် ဖမ်းဆီးခံရတာတွေ ရှိတာတို့ကြောင့် ပြတ်ပြတ်သားသား အရေးယူတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာကို စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 13 Views
ဇွန်လ (၄) ရက်။ မနေ့က ဇွန်လ (၃) ရက်နေ့ ညနေ ၆နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဆားလင်း စစ်ကောင်စီ
မြန်မာသတင်း

ကြို့ပင်ကောက်မှာ ရွာထဲ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း မိုင်းဆွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 9 Views
‌ဇွန်လ (၄)ရက်။ ကြို့ပင်ကောက်မြို့ရှိ ပိတောက်မြိုင်ရွာကို စစ်မှုထမ်းဖို့ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yoma GBK
မြန်မာသတင်း

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 4 Views
ဇွန်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသထဲ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က နံနက် (၉)နာရီကျော်အချိန်မှာ
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 14 Views
‌ဇွန်လ (၄)ရက်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၆၁)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ KNLA အနေနဲ့ ပြည်သူတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ မိတ်ဖက်ဒီမိုကရေစီအင်အားစုတွေ၊
မြန်မာသတင်း

တလထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 9 Views
ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေထဲ နောင်ချိုမြို့မှာ လေကြောင်းနဲ့
မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 14 Views
ဇွန်လ (၄)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန် စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်က
မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၂၅)ရက်နေ့ကနေ ဇွန်လ (၁)ရက်နေ့အထိ ဓါတ်ခွဲနမူနာစုစုပေါင်း (၁၇၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် (၁၇)ဦးကို
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “