နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

တွန်းဇန်မှာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ကို ZRA က အလစ်တိုက်ခိုက်ပြီး အိမ်ခြေ(၈၀)ကျော်ကို မီးရှို့ခဲ့တယ်လို့ဆို

နှစ်ဖက်တပ်ဖွဲ့တွေအကြား တင်းမာတာတွေနဲ့ တုန့်ပြန်သွားမယ်လို့ အပြန်အလှန် သတိပေးတာတွေရှိနေ

ဧပြီလ (၈)ရက်။

ဧပြီလ (၃)ရက်နေ့က တွန်းဇန်မြို့မှာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တွေကို Zomi Revolution Army(ZRA)က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CNF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

CNF/CNA အနေနဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို တဖက်သတ် ဆိုင်းငံ့ထားကာ လူသားစာနာမှုအကူအညီတွေ လိုအပ်သူတွေဆီ ရောက်ရှိနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆိုင်းငံ့ထားချိန် စစ်ကောင်စီရဲ့ လက်ပါးစေ ZRA ဟာ တွန်းဇန်မြို့နယ်ရှိ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ပြီး အပြန်လမ်းမှာ နန်ဇံကျေးရွာက ပြည်သူ့နေအိမ် (၈၀)ကျော်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ဘေးကြောင့် အရေးပေါ်အခြေအနေ ရောက်ရှိနေတဲ့အချိန် တဖက်သတ် အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်တာဟာ လုံးဝ သည်းခံနိုင်စရာမရှိတဲ့အတွက် ပြန်လည်တုန့်ပြန်သွားမယ်လို့ CNF က အသိပေးပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ZRA ဟာ အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းကာ CNF နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားဖို့ ကြိုးပမ်းလာခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧပြီလ (၅)ရက်နေ့က ZRA(အရှေ့ပိုင်းတိုင်း)ကလဲ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲ ဟားခါးနဲ့ ထန်တလန်က ထွက်ပြေးလာတဲ့ ချင်းပြည်ကောင်စီတပ်တွေနဲ့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ နန်းဇံရွာကင်းစခန်းအပါအဝင် တပ်စခန်း (၆)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဟားခါး CNF ပိုင် ချင်းပြည်ကောင်စီ တပ်သားတွေဟာ ဇိုမီးပြည်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အပြင် ဇိုမီးပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးတာ၊ မုဒိန်းကျင့်တာ၊ ဆက်ကြေးကောက်တာနဲ့ နန်းဇံရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာအပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ တုန့်ပြန်ထားပါတယ်။

နောက်ပြီး အကြမ်းဖက်မှု ပြုလုပ်ဖို့နဲ့ ဇိုမီးမျိုးနွယ်စုကို သွေးခွဲအုပ်ချုပ်ဖို့ ပြည်ပရောက် ဟားခါးအဖွဲ့တွေက Chin Baptist Church of U.S.A(CBCUSA)ကနေ ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်းနဲ့ချီ လွှဲပြောင်းပေးတဲ့အပေါ် ZRA က ပြင်းထန်စွာ ရှုတ်ချထားပါသေးတယ်။

အခုလို ZRA ကို ပြည်သူတွေ အမြင်စောင်းစေဖို့ မဟုတ်မမှန်သတင်းတွေ ဖန်တီးထုတ်လွှင့်တာကို ရပ်တန်းက ရပ်ဖို့နဲ့ ဇိုမီးဒေသကနေ ထွက်သွားဖို့ သတိပေးထားကာ မလိုက်နာရင် လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ အရေးယူတုန့်ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

Bottom-up Federalism ကို စနစ်ကို အပြန်အလှန် ကျင့်သုံးနိုင်မှသာ ချင်းပြည်၊ ဇိုမီးပြည်၊ လိုင်ဇိုပြည်နဲ့ မရာပြည်အပါအဝင် နိုင်ငံတဝန်းမှာ နယ်မြေငြိမ်းချမ်းမှု ရှိနိုင်မှာလို့လဲ ZRA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 18 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 26 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 19 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 19 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 36 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်